Tuesday, June 23, 2009

ဖွဲပြာကျ

လယ်ယာလယ်ကိုင်း နွားအိုတချိုင်း
ခွာသံရိုင်းရိုင်း တီတီဘားဘားကြိုင်း
နှစ်စိုင်နှစ်တိုင်း ရွှီဝါရောင်ဆိုင်း
ထွက်တိုင်းစပါး သူရို့ယူလား
ဒိုင်းကျီဆန်စပါး မြန်မာစား၏......။

စေတီအုပ်ကျိုး ကျောက်ရိုးကျောက်ကြား
ရှိဟောင်းရတနာများ တူးဖေါ်ယူလား
စိန်ဘုရား၊ မြဘုရား၊ မုနိကျန်ဘုရား
တပါးချန်မထား တမာတောကမြန်မာများ
သူများနားပန်းနန့် ၀ံ့ကြွားကြွား......။

အမြဲစိမ်းသစ်တော မြစိမ်းရောင်သစ်တော
ရိုးမတောင်ကြော ပေါက်ပွားသမျှသစ်
မြန်မာစီးပွားဖြစ် ဖြစ်ပွားသမျှစီးပွား
နိုင်ငံရပ်ခြား တင်ပို့ရောင်စား
ရိုးတောင်ကြော ကုန်းကြောရီခြောက်
သစ်တောပျောက်၏......။

ဘင်္ဂလားပင်လယ်အော် အဏ္ဏ၀ါရတနာ
ပုလဲနန့်ငါး၊ နိုင်ငံရပ်ခြားကုမ္ပဏီများလည်းပါ
မျှိုင်၊ ပုဇွန်၊ ငါးတန်းကားလည်းမကျန်ဗျာ
ကုန်စင်အောင်ခူးခြစ်လိုရှာ အဏ္ဏ၀ါရတနာဗလာနတ္ထိ......။

ကျောက်သလင်းဖြူကျောက်ခဲ
ရိုးမတောင်ကြောထဲ တဖွေးဖွေး
တရုပ်ရုပ် တသဲသဲ
ပြည်မြို့နယ်ထဲ လော်ရီကားကြီးနန့်ဆွဲ
ကုန်ချောစက်ရုံစွဲ သူရို့လက်ထဲ
ရွှီခဲ၊ မြခဲ၊ ပတ္တမြားခဲ......။

ရီနံရည်ကွက်ဓါတ်ငွေ့ထွက်
တဗြုတ်ဗြုတ် တပွက်ပွက်
ထွက်သမျှဓါတ်ငွေ့
တရုပ်၊ အိန္ဒီယာ၊ ကိုးရီးယားလည်းပါ
ရောင်းစားလီရာ နိုင်ငံတကာ
ဗီးဗီမြန်မာလက်ထဲမှာ
ရွှီခိုင်ပြည်ကြီး “ဖွဲ နန့် ပြာ”......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၇၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကါလါကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment