Home        Articles        News        Poems        Love Poems        Aesop Fable        Links        Shwe Gas       

Monday, September 7, 2009

ရလာဒ်

အမှောင်ကိုယှင်း
ရောင်ခြည်ကိုထွန်းလင်း
အသျှနီဝင်း
ကြောက်ခြင်း၊ လာန့်ခြင်း
နမြောခြင်း၊ နောင်တရခြင်းမဟိ
စွန့်လွှတ်ခြင်းမျိုးစုံနန့်လမ်းပြ
တိုင်းပြည်လွတ်လပ်ရေးရခါမှ
မြန်မာလူမျိုးဒိန်က
တပ်ပီးလိုက်တေ နာမ၀ိ့သေဿန
ရဟန်စင်စစ်က လူဖြစ်ရ
”.....ဦးဥတ္တမ....“ လတ်။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၇၊ ၀၉၊ ၂၀၀၉
Glada Hudik, Sweden

ဘုန်းကြီးကို ဦးတပ်၊ လူကို...အသျှင်....လို့ ခေါ်ကတ် ရွှီရခိုင် နလပိန်းတိ။

Thursday, September 3, 2009

ရခိုင့်စာပီရှင်သန်ထမြောက်ရေး

ရခိုင်စာသည်..............ငါရို့စာ
ရခိုင်စကားသည်.........ငါရို့စကား
ရခိုင်ယိုင်ကျေးမှုသည်........ငါရို့ယိုင်ကျေးမှု
ရခိုင်သမိုင်းသည်..............ငါရို့သမိုင်း
ရခိုင်လူမျိုးသည်................ငါရို့လူမျိုး
ရခိုင်ပြည်သည်.................ငါရို့ပြည်

ရခိုင်စာကို..................လေးစားပါ
ရခိုင်စကားကို...............အမြတ်တနိုးပြောပါ
ရခိုင်ယိုင်ကျေးမှုကို...........တန်ဘိုးထားပါ
ရခိုင်သမိုင်းကို................ချစ်ခင်နက်ချိုင်းစွာလေ့လာပါ
ရခိုင်လူမျိုးကို..................ချစ်မြတ်နိုးပါ
ရခိုင်ပြည်ကို..................အသက်လှဲလို့ကာကွယ်ပါ၊ စောင့်လျှောက်ပါ။

ကြွေးကြော်သံ။ ။.(ရခိုင့်စာပီ ရှင်သန်ထမြောက်ရေး.............ငါရို့အရေး........ငါရို့အရေး။) ၃ ခေါက်အော်ပါ။

ခိုင်မြသိန်း
ကျန်းမာချမ်းသာကြပါစီ

Wednesday, September 2, 2009

တလုပ်စာတွက်

အားတန်ကေလည်း မာန်ကိုလျှော့
ငါ့....အံစွယ်တိ လဲကျလားခယာ။

နန်းကျဘုရင်
ရာဇပန္လင်အောက်
အခေါက်ခေါက်အခါခါ ဒူးထောက်
ငါ.....blueberry သီး ကောက်နီရပျာ။

အို....ခွန်အားဖြစ်စီရေ
ထမင်းတလုပ်စာအတွက်
နီထွက်မှနီဝင်ထိ
အေတောင်ကုန်းမှ ထိုတောင်ကုန်းထိ။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၂၊ ၀၉၊ ၂၀၀၉
Glada Hudik (Sweden)

Friday, August 7, 2009

ခေါတ်ပျက်

ရွာအိုနန့် ဇရပ်ပြို
စေတီပျက်နန့် ကျောင်းရှာပြို
နတ်ပင်အိုနန့် ကန်ဘောင်ပျက်
မသူတော်ရို့လက်ချက်
သူတော်ကောင်းရို့ရွာပြင်ထွက်

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၇၊ ၀၈၊ ၀၉
Glada Hudik (Sweden)

Tuesday, June 30, 2009

ပြောင်းပြန်

ဖြောင့်တန်းနီရေ မျှည်းပြိုင်နှစ်ချေင်းက
ဋ. ဍ. ဠ ပိုင်ကောက်ကွေ့လို့
လေးဒေါင့်စတုရန်ပုံက
တန်းဆောင်ဘုန်းလပြည့်လပိုင် ၀ိုင်းစက်လို့
လပြည့်လစက်ဝိုင်က
လေးဒေါင့်မျက်နှာ ဘောင်ခတ်လို့
တြိဂံသုံးဒေါင့်ပုံက
မျှည်းဖြောင့်တစင်းပိုင် ဖြောင့်တန်းလို့……

စိုမဲကျီကတ္တမြားက
နံသာကျင်းမှာ နစ်မြုတ်လို့
ရွာပြိုရွာပျက်မှ ပုလင်းကွဲအစချေတစက
မိုးသောက်ကြယ်ပိုင် လင်းလက်လို့ တောက်ပလို့
မွန်းစောက်စောက်တည် နီမင်းကြီးက
လမိုက်ညာဥ့်ပိုင် မိုးရိပ်ဖုံးလို့ နီဝင်လို့
နတ်တော်လပြည့် လမင်းကြီးက
ဖြုတ်စိကြယ်ချေတိအောက်မှာ
သစ်ဖျားတင်လို့ လ၀င်လို့
ပြက်ထောင့်၊ ဆင်ဝင်ခန်းက ဆီမီးခွက်
ရီနံဆီကုန်လို့ မီးစာတုံးလို့ မီးသီလို့……

ဂေါင်းတုံးထိပ်ပြောင် ပဂံညောင်ဦးက
ဆံခွီဆလိပ်တိ လှုပ်ယမ်းလို့
ပုတီးစိုက်တေ မနုဿက
လူသမင်ပိုင်ရိုင်းစိုင်းလို့
ဂန္ဒ၀င်မြောက်ရခိုင်သူမချေရို့က
အကျဉ်းတန်ရုပ်ဆိုးလို့
အမျိုးစောင့်ရေ သဇင်ဖြူတခက်
နှင်းဆီကြက်သွီးရောင်သန်းလို့ ပွင့်ကြွီလို့
ဆံထုံးဆံခွီဖြီကျ
ကာလာအိုကယ်မီးရောင်အောက်မှာ
ချန်ပူရနံ့ထုံသင်းလို့ မျက်ရည်ပူတိချောင်းစီးလို့……

ကောင်းခင်က မိုးရိပ်မိုးတိမ်တိ
ဘင်္ဂလားပင်လယ်ပြင်အောက်
လီဟုန်စီးလို့ ပျံသန်းလို့……
မြီလျှို့မိုးပျံရေ ၀ံလက်က
ကြက်မပေါင်ကြား အတောင်ကျိုးလို့ ဂုတ်ထိုးလို့……

စက္ခုအာရုံမျက်လုံးအစုံလည်း
မျက်လွှာပွင့် အိပ်စက်လို့
နှတ်ခွမ်းအစုံ၊ လျှာတဖုံက
နောင်တော်မြစ်အောက်
သော့ကြီးခတ်လို့ ကျောက်ချလို့……

သံစိုင်မညီရေ သာခြင်းတပုဒ်
တူရိယာကြိုးပြတ်လို့
ငှက်ဖျားမိလို့ စည်ပေါက်လို့
ရွက်နုပြန်လူငယ်ချေတိက
ရွင့်ရွက်ဝါ လီမှာလွင့်လို့ လမ်းပျောက်လို့
မယားကွာဖို့ကြိုးစားနီရေ တရားလိုက
လင်ပေါင်းဖို့ မုတ်ဆိုးမဘက်မှာ
တရားခံဖြစ်လို့ ထောင်ကျလို့……


ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik, Sweden
21. 05. 09

မင်းထီး

ရခိုင်စကားပြောရေ
မိဖနှစ်ပါးကမွီးဖွား
ငါ-ရခိုင်စာကားပြောရေ

စာဟိပါလျှက်
ရခိုင်စာမသင်ဖူးရေ
ငါ့လက်ချောင်းတိ
ကျွန်စာကိုရာ ရွီးတတ်တေ
ငါ..........
ငါ့လက်ချောင်းတိကို ဖြတ်။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၅၊ ၀၁၊ ၂၀၀၉
Glada Hudik

ထာဝရမဲ့ကမ္ဘာ

ထာဝရမဟုတ်တေ
သံတစ်ချောင်း၏ ဟန်ချက်နန့်
လည်နီရေ ဂျင်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

ထာဝရမဟုတ်တေ
အုန်းလက်တိကြားက ကျီးငှက်၏
အသိုက်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

တာဝရမဟုတ်တေ
နိန့်နန့်ညကြားက လူသား၏
အသက်ရှူသံကလေ့
ထာဝရမဖြစ်နိုင်ပါ။

နှစ် (၂၀၀)ကျော်တိုင် ကျွန်ပြုခံရေ
အာရီယန်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

ရဲမင်းဘော် (AASYC)

Sunday, June 28, 2009

ဝိမုတ္တိ

ဝိမုတ္တိ

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ အမြင့်မြတ်ဆုံး၊ အကောင်းဆုံးလို့
ငါ...မှတ်မိရေ။

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ တန်ဖိုးအကြီးမားဆုံးလို့
ငါ...သိနားလည်ထားရေ။

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ လွတ်လပ်ပျော်ရွှင်မှု အဟိဆုံးလို့
ငါ...ယုံကြည်ထားရေ။

သင်က
လမင်းကြီးပိုင် ကြိုင်လွင်အီးမြရေ
လမင်းကြီးကိုပိုင် ငတ်မွတ်တောင်းတခြင်းခံရရေ
ကြယ်တာရာချေတိပိုင် တောက်ပရေ
လီပွီလီညှင်းချေပိုင် လှုပ်လျှားတိုက်ခိုက်နီရေ
လှိုင်းလုံးချေတိပိုင် ယိမ်းကရေ
စဉ္ဒရားမင်းခွာချေတိပိုင် လွတ်လပ်ပျံသန်းနီရေ
ပန်းပေါင်းစုံပန်းဥယိုင်ချေတိပိုင် လှပရေ
စမ်းချောင်းစမ်းရီချေပိုင် အီးမြရေ......။

သင်ရေ......
ငါ၏အသက်နန့်လှဲလှယ်ရယူရရေ ရည်မှန်းချက်ဖြစ်တေ
ငါ၏အသက်ချင်းလှဲ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တေ
ငါ၏အချစ်ဆုံးသူငယ်ချင်းဆိုကေ မမှား
ငါ၏ယုံကြည်ချက်၊ သစ္စာတရားလည်းဟုတ်တေ
ငါ၏အမြင့်မားဆုံးမျှော်မှန်းချက် ပန်းတိုင်
ငါ၏အမြတ်နိုးဆုံး ချစ်သူ
ငါ၏ကိုယ်ခန္ဓာသွီးလွှတ်ထုတ်ရာ ပင်မ
ငါ၏ပက်ခုံးအစုံ၊ စက္ခုအာရုံ
ငါ၏ချစ်သူကိုရွက်ဖက်ထားသော လက်ချောင်းများ
ငါ၏ပြုံးရယ်ရွှင်နီသောချစ်သူညမင်း၏မျက်နှာ
ငါ၏အပြစ်မဲ့ရင်သွီးငယ်၏ မျက်နှာ......။

လွတ်မြောက်မှုက
သင်၏လှပကျော်ကြားသော ‘နာမည်‘
ငါ့ရင်ထဲမှာထာဝရတည်နီလိမ္မည်

မိတ်သဟာယ စုစည်းညီညွတ်မှုက
ငါ၏အစ်ကိုယ်အကြီးဆုံး
အမြဲတမ်း ညာလက်ရုံး

မှန်ကန်ညီမျှ တရားမျှတမှုက
ငါ၏ညီမချေအငယ်ဆုံး
တဖ၀ါးမခွာ ဘယ်လက်ရုံး

ငြိမ်းချမ်းရေးလွတ်မြောက်မှု တမာန်တော်က
ငါ၏မိခင်

လွတ်မြောက်မှုနန့်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်သူက
ငါ၏ဖခင်

မျှော်လင့်ချက်ရောင်ခြည်နန့်
အနာဂါတ်တာဝန်ဝတ္တရားက
ငါရို့၏အသျှင်သခင်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ရက်စွဲ။ ။ ၀၃. ၀၃. ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

လူဖျင်းရို့၏သမိုင်း

လူဖျင်းရို့၏သမိုင်း

အလိုက်အထစ်
အငိုက်မိအောင်လည်း မဖမ်းနိုင်ခ

အချက်အလက်
ဟာကွက်လည်း မမြင်ခ

သတိဝိရိယ
ဇွဲလုံးလလည်း မဟိခ

ဗဟုသုတ
ခေတ်ရီစီးကြောင်းကိုလည်း မမြင်ခ

ရှိဆောင်လမ်းပြ
စွန့်စား၊ ၀ံ့စား၊ စွမ်းဆောင်မူတရားလည်း မဟိခ

အသိစိတ်ထား
သည်းခံမူတရားလည်း မဟိခ

မိတ်သဟာယ
အမျိုးသားစည်းလုံးညီညွတ်မူကိုလည်း မပြုလုပ်နိုင်ခ

ရက္ခိတ
မျိုးစောင့်၊ မျိုးချစ်တရားကိုလည်း မဟောနိုင်ခ

စာကုံးစာစီ
ရခိုင့်အက္ခရာစာပီ၊ ရသမှီအောင်လည်း မဖော်ထုတ်နိုင်ခ

လွတ်လပ်မူ
တိုင်းပြုပြည်ပြု
ကြီးဆင်းထု၊ ကျောက်ဆင်းထု၊ အုပ်ဆင်းထုကို...ထား
ကျုပ်သားဆင်းထုကိုလည်း မစွမ်းနိုင်ခ

တစွမ်းတစ
ဦးဆောင်လမ်းပြ၊ ကိုယ်တွိရာဇ၀င်ကိုလည်း မရွီးပြနိုင်ခ

နောင်လာနောင်သား
မျိုးချစ်လူငယ်များကိုလည်း မမွီးထုတ်နိုင်ခ

ပြိုင်ဖက်က
ကိုယ်နန့်မတူ ဘက်ပြိုင်ရန်မူ
ရန်သူယူဆ ကွဲကြပြဲကြ
ချင်းချင်းသတ်ကြ မလှမပ

ဥာဏ်နီဥာဏ်နက် ထက်မြက်ကွဏ်းမြူး
ဖောက်တွင်းတူးရှာ မျိုးတူအုပ်စုထဲမှာ
သြဇာကျော်ကြား လူတိုင်းပြော၏......။

ခိုင်မြသိန်း (ချောင်သာကြီး)
ရက်စွဲ။ ၀၃၊ ၀၆၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။