Tuesday, June 23, 2009

မယ်ဇူရမ်


ဂစ္ဆပနဒီမြစ်ဖျား စည်ကားသစ်မြစ်နီရေလူသား
အယင်က ပဒရီဖင်ကြားကျပ် ကြောရိုးမှာပွီးဝပ်လို့။



ပွီးဝပ်လို့လူသား ယ္ခုကားတိုက်အိမ်စံ
ခေတ်ကိုပြောင်းပြန်လှန် စေတမံမနုဿ
လှလှပပ ၀တ်ဆင်၊
ဆင်ယင်ဖန်ဆင်းထားရေ တိုက်ကြီးအိမ်ကြီးများ
ဗျိုင်းဖြူအုပ်ကြီးအလား
အံ့သြလောက်အောင်ပင် ဖြူဖွေးနီပါရေကား
လျှပ်စစ်မာကျူရီမီးသီးများ (၂၄) နာရီထွန်းလင်းထား
သူရို့ကား......အမှန်မနုဿလူသား
နတ်ဘုံအလား......။



နဂါးလိမ်နဂါးရစ် အထစ်ထစ်ကတ္တရာလမ်း
စီတန်းနီရေ ကျွန်းသစ်တောကြီးများကြား
ကုန်တင်ကား၊ လူတင်ကား၊ ဇိမ်ခံကား
တကားပြီးတကား တရွိ့ရွိ့ချီဆင်း
တကားပြီးတကား တရွိ့ရွိ့ချီတက်
မိုးသားတိမ်တိုက်ထက်တိုင်အောင်......။

တောင်စိုင်တောင်တန်းကြီးများကြား
ရွာစိုင်ရွာတန်းကြီးများက
လှပျိုဖြူသံဒိုင်းမယ်များ
နတ်သျှင်မယ်အလား မိုးသားနှင်းရည်စား
ရောင်စုံတိမ်သားများနန့် ပြိုင်ပြနီလီယင့်......။


ခိုင်မြသိန်း (ချောင်းသာကြီး)
နိုဝင်ဘာလ ၂၇၊ ၁၉၉၇။
ဆိုင်ဟာထောင်၊ မယ်ဇူရမ်ပြည်၊ အိန္ဒီယာ။


No comments:

Post a Comment