Sunday, June 28, 2009

လူဖျင်းရို့၏သမိုင်း

လူဖျင်းရို့၏သမိုင်း

အလိုက်အထစ်
အငိုက်မိအောင်လည်း မဖမ်းနိုင်ခ

အချက်အလက်
ဟာကွက်လည်း မမြင်ခ

သတိဝိရိယ
ဇွဲလုံးလလည်း မဟိခ

ဗဟုသုတ
ခေတ်ရီစီးကြောင်းကိုလည်း မမြင်ခ

ရှိဆောင်လမ်းပြ
စွန့်စား၊ ၀ံ့စား၊ စွမ်းဆောင်မူတရားလည်း မဟိခ

အသိစိတ်ထား
သည်းခံမူတရားလည်း မဟိခ

မိတ်သဟာယ
အမျိုးသားစည်းလုံးညီညွတ်မူကိုလည်း မပြုလုပ်နိုင်ခ

ရက္ခိတ
မျိုးစောင့်၊ မျိုးချစ်တရားကိုလည်း မဟောနိုင်ခ

စာကုံးစာစီ
ရခိုင့်အက္ခရာစာပီ၊ ရသမှီအောင်လည်း မဖော်ထုတ်နိုင်ခ

လွတ်လပ်မူ
တိုင်းပြုပြည်ပြု
ကြီးဆင်းထု၊ ကျောက်ဆင်းထု၊ အုပ်ဆင်းထုကို...ထား
ကျုပ်သားဆင်းထုကိုလည်း မစွမ်းနိုင်ခ

တစွမ်းတစ
ဦးဆောင်လမ်းပြ၊ ကိုယ်တွိရာဇ၀င်ကိုလည်း မရွီးပြနိုင်ခ

နောင်လာနောင်သား
မျိုးချစ်လူငယ်များကိုလည်း မမွီးထုတ်နိုင်ခ

ပြိုင်ဖက်က
ကိုယ်နန့်မတူ ဘက်ပြိုင်ရန်မူ
ရန်သူယူဆ ကွဲကြပြဲကြ
ချင်းချင်းသတ်ကြ မလှမပ

ဥာဏ်နီဥာဏ်နက် ထက်မြက်ကွဏ်းမြူး
ဖောက်တွင်းတူးရှာ မျိုးတူအုပ်စုထဲမှာ
သြဇာကျော်ကြား လူတိုင်းပြော၏......။

ခိုင်မြသိန်း (ချောင်သာကြီး)
ရက်စွဲ။ ၀၃၊ ၀၆၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment