Sunday, June 28, 2009

မျိုးဥတန်ဖို

ပွင့်တိုင်းမသီး
သီးတိုင်းမအောင်မြင်
အောင်မြင်တိုင်းမျိုးစိမဖြစ်ထွန်း
မျိုးစိတိုင်းအညှောက်မထွက်
ထွက်လာတိုင်းအညှောက်
သစ်ပင်မဖြစ်ထွန်း
ဖြစ်ထွန်းလာသောသစ်ကြီးဝါးပင်
တောကြီးမြိုင်မြိုင်ထနိုင်ကြသော်လည်း
ဝိဥာဏ်တစ တခုဘ၀ရခက်ဆို၏


ပွင့်ကြသီးကြ
သန္ဓေတစ မျိုးဥဗီစ
လူဘ၀ကိုဖန်ဆင်း ကြီးကြပြင်းကြ
လူ့သမုဒ္ဒရာရီအိုင်တမြမြ
ဖြစ်ထွန်းနိုင်ကြသော်လည်း
မနုသတ္တောဒုံလဘော လူဘ၀ကိုရခက်ဆို၏


ရတုံရခိုက်
လူ့သမုဒ္ဒရာကိုဆုံဆိုက်ခိုက်
သင့်ရပ်သင့်ရွာ သင့်မြို့သင့်ပြည်
သင့်တိုင်းနယ်အတွက်
ထိုးထွင်ကြံဆ တစွမ်းတစ
ပြုပြကောင်းကျိုး
ဘ၀ရကျိုး တန်ဖိုးတိုး၏


ခိုင်မြသိန်း (ချောင်းသာကြီး)
မေလ ၁၅၊ ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment