Sunday, June 28, 2009

ရက္ခဘုံမိ

ရက္ခဘုံမိ

ဥာဏ်မြှော်မြင် ပညာသျှင်ရို့တလီ
အမျိုးသားချင်းညီ စည်းလုံးဦးဆောင်လီ
မျိုးစောင့်တရားနန့်ညီ ဇွဲလုံလချီ
မျိုးချစ်အာဇာနီ သားသမီးရို့
စွမ်းဆောင်လီ စွမ်းဆောင်လီ၊
ရိုးမတောင်ခြီ ဝေသာလီ ထောင်တိုင်းဝိုင်းရံညီ
ရမ္မာဒွါရ၀တီ မေဃဓည၀တီ
မေယုအဉ္စနနဒီ မဟီဂစ္ဆပနဒီ
ဝတီလေးရပ် နဒီလေးရပ် ထောင်တိုင်းထပ်
ပေါင်းစပ်စုတည် စုပေါင်းသက်စွန့်ကာကွယ်မယ်
အောင်ဗျာဝေ အောင်ဗျာဝေ
ရခိုင်ပြည် ငါရို့ပြည် ဘုံမိရက္ခနက်သန်ပြည်......။......။

ခိုင်မြသိန်း (ချောင်းသာကြီး)
January 27, 2004
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။


မှတ်ချက်။ ။ ဤကျဗျာကို ရခိုင်အမျိုးသားသာခြင်း (Arakan National Song or Anthem) အဖြစ်ရွီးစပ်ခြင်းဖြစ်ပါသည်။ ရခိုင်အမျိုးသားသာခြင်းမဖြစ်နိုင်လာသိမ့်တိုင်အောင် ရခိုင်လူမျိုးများအတွက် တစုံတရာအတိုင်းအတာထိ အကျိုးသက်ရောက်မူဟိပါလိမ္မည်ဟု မျှော်လင့်ပါသည်။ သို့သော် ဤကဗျာပါ နဒီလေးသွယ်မှာ အငြင်ပွားစရာဖြစ်နိုင်ပါသည်။ ၄င်များမှာ မေယုနဒီနှင့် မဟီရာနဒီဖြစ်ပါသည်။
မဟီရာနဒီသည် မအီမြစ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ရခိုင်ပြည်တွင်း၊ ပြည်ပ၊ တော်လှန်ရေး၊ နိုင်ငံရေး၊ ရခိုင့်စာပီပညာသျှင်အများစုမှာ နဒီလေးစင်ကို ပြည့်ပြည့်စုံစုံမဖော်ပြနိုင်ကြပါ၊ မဟီမြစ်၊ ကန်သာမြစ်များသည် ရခိုင်ပြည်တောင်ပိုင်ဒေဿမှ မြစ်များဖြစ်ကြသော်လည်း စာပီးများ၌ဖော်ပြမှုအလွန်နည်းပါးသည်။ ယင်းအတွက်ကြောင့် မဟီမြစ်ကိုဖြည့်စွက်ဖော်ပြခြင်းဖြစ်ပါသည်။ အများသဘောရ ကန်သာမြစ်ကို ကြစ်နှစ်သက်ပါက ၄င်းမြစ်ကိုသံစိုင်မပျက်ဖြည့်စွက်ဖော်ပြသီဆိုနိုင်ပါသည်။

ဤကဗျာကို အမျိုးသားသာခြင်းအဖြစ် သီဆိုလိုက်လျှင် စက္ကန့် ၅၀ ကျော်ဖြစ်ပါသည်။ နိုင်ငံတကာအမျိုးသားသာခြင်းတိုင်းသည် အရှည်ဆုံး ၁ မိနစ်ဖြစ်ပြီး၊ အတိုးဆုံး စက္ကန် ၄၈ မှ ၅၀ ဖြစ်ပါသည်။ အသင့်လျှော်ဆုံး စက္ကန် ၅၀ ကျော်အမျိုးသားသာခြင်းသည် အသင့်တော်ဆုံးဖြစ်သည်ဟု အများကဆိုကြပါသည်။ သံစိုင်ကိုရယူလိုသူတိုင်း အီးမဲလ်နန့်ဖြစ်စီ၊ ဖုန်းနန့်ဖြစ်စီ၊ ဘလောခ်မှတဆင့်ဖြစ်စီ ဆက်သွယ်မှာယူနိုင်ပါသည်။

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment