Tuesday, June 23, 2009

ထလောရခိုင်

ဥသြရီသောက်
မုနိပျောက်
စည်ပေါက်ထီကျိုး
မျက်ရည်မိုး။......။

ဖေါင်ပျက်ရခိုင်
ဆည်မနိုင်
ကစိုင်ကရောက်
လမ်းစပျောက်။......။

အယင်ရခိုင်
စည်တော်မြိုင်
တုပြိုင်စံယှား
တိုင်းတပါး။......။

ပင်မြင့်သဇင်
နန်းတော်ဝင်
ရွှီစင်ပန်းခက်
မျိုးမပျက်။......။

ငှက်မျိုးဘုရင်
လင်းယုန်သျှင်
မြီပြင်မသက်
ဝီဟင်ထက်။......။

ကျော်ဝင်းချေ (ချောင်းသာကြီး)
၂၉၊ ၁၊ ၁၉၉၃
နယူးဒေလီ၊ အိန္ဒီယာ။

No comments:

Post a Comment