Monday, June 22, 2009

မျက်ကွင်းကျယ်

နယ်ကျွံနီသောစက္စုအာရုံ
လောကီဝတ်စုံဝတ် မချွတ်တမ်းဘုတ်ဖနပ်တရံ
ကြမ်းပိုးနံ့တနံနံ ခွာပဲ့ အနားပြန် နှခွမ်းလန်
(Secularism) လုပ်ကြံတရားလာဟော၊

အို... ဇတ်ပျက်မင်းသား
မျက်ဆံကျယ်ငါး
အနောက်ဘင်္ဂလားက
စွယ်သျှင်ငမန်း
ဂေါင်းတုံးငမန်း
တောကျွမ်းမုသား
ပြုစားလှည့်စား မာယာများ
သင်အား စားလိမ္မည်သတိထား --။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁၄ ရက်၊ ၂၀၀၃
ဘင်္ဂလားဒဲခ်ျ့ နိုင်ငံ AASYC ယုံး၌ရွီးစပ်ခြင်းဖြစ်ပါ၏။

No comments:

Post a Comment