Tuesday, June 23, 2009

နွားကျောင်းသားတဦး၏ တော်လှန်ရေးဘာသာစကား

စပါးကျီကစပါး ကြွက်စား
ကြပ်စင်က ငါးပြီချေတအိုး
ကြောင်ခိုးစားတွင်းကုန်၊
အိမ်နောက်က ပဲတခြုံ
ဆိတ်စားတွင်းကုန်၊
တောင်စေါင်းနားက စပါးပုံ
ကြက်ကျီးစားတွင်းကုန်......။

ချောင်းနားကမ်းဗိုင် ရီအိုင်မြမြ
ပုဇွန်၊ မျှိုင်ပေါက်စ ရင်းဒွန်းထိုးလို့မရ......။

ခမောက်မဲ့၊ ဖာသားချဒယောတထည်ဝတ်လို့
နွားကျောင်းနီရေ ငါ့ညီချေ
ကျောင်းတက်ရကောင်းမှန်း သူ...မသိ......။

ဓါးပြင်ဆိုးတယောက်တလက်နန့် ပြား၊ ယာခွတ်နီရေ
ငါ့အစ်ကိုကြီး၊ ငါ့အစ်ကိုလတ်ရို့မှာ
အင်္ကျီဆွီးစုတ် ပြန်ခြုပ်ဖို့ခြည်မဟိ......။

မွဲပြာရောင်သရက်ထည်ထဗိန် အဆွီးတထည်ဝတ်လို့
အချိတ်ထဗိန်ရက်နီရေ ငါ့ညီမချေ
ခါးထဗိန်ကျွတ်၊ ဆံထုံးဆံညှပ်၊
သဇင်ဂေါင်းကကျွတ်နီစွာ သူ...မသိ......။

ဆန်တောင်းဆန်ရိုင်ကုန်စင်
ဘယ်လက်ခေါင်ပိုင်သျှင် ငါ့မိခင်
အိမ်ဦးဘုရားစင် သူမ...ဆွမ်းမတင်နိုင်......။
စပါးတင်းထောင်ချီဖြည့်ထားရေ
ထီးကြောင်းဘောက်သာ ပုလုတ်ဆန်ခါ
ဒုံနာမဲ့ တက်ကျိုးသမ္ဗာန်ကြီးနန့်
ပင်ထောင်ဆပ်ဖို့လာရေ ငါ့ဖခင်
နောက်ကုန်း ဆားဖုံးနီစွာ သူ...မသိ......။

အိမ်အိုကျားထောက် အိမ်တိုင်တီရောက်
ပုန်းဖီ၊ ထောင့်ယောက် ခြကြီးဖေါက်
မစွမ်းသာ အိမ်အိုပြန်ဆောက်
တောင်ရင်းကျွန်းမှာ တောကြီးပျောက်......။

ဘုရားစင်ကဘုရား သူရို့ယူလား
ဟိဟိသမျှ ယိုင်ကျေးမှုရတနာများ
ထွက်ထွက်သမျှ သယံဇာတများ
သီးသီးသမျှ ဆန်စပါး
ပွားပွားသမျှ သစ်ဝါး
ကျူးကျော်သူရို့ရာ ကြီးပွားလားကေ
ငါ့လက်က ကလောင်ဓါး အကြောင်းမဲ့အတုံးမခံ
“ထ” တော်လှန်မည် အဓိဌာန်တည်၏......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၉၊ ၁၊ ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment