Monday, June 22, 2009

လမ်းမှန်သို့

အားမဟိသူအတွက်
ကလောင်ကညူကလီယက်
စိမ့်ထွက်လာရေမှင်စက် ငါ့စာပီလက်နက်၊
ကိုလိုနီဖျက်သိမ်းရေးအတွက် ကမ္ဘာ့ခုံယုန်းထက်
စွဲချက်တင်နိုင်ကေ တမျိုးသားလုံးထွက်ရပ်ရောက်မည်
လွတ်စီဆိုရေမှင်စက် ယိုထွက်စီရမည်၊
သမိုင်းမှန်ရာဖော်ထုတ်ကေ
ရခိုင်ပြည်တနိ မုက္ချလွတ်မြောက်မည် --။

ဇွဲလုံးလအားမာန်နန့်
ကမ္ဘာ့ရီစီးကြောင်းကိုကျအောင်ဆွဲချ
ထဝေမိတ်ဆွေ လက်တွဲညီကတ်မည်၊
ငိုက်မနီကဲ့
မင်းနဖူးကချွေးတစက်
ငါ့နှလုံးသွီးနန့်ရောစပ်
ရခိုင်ပြည်လွတ်လပ်ရေးအတွက်
စံဝင်စင်ထက်တင်ကတ်မည်
ဟန်ချက်ညီကေ ဆုံချက်ညီရေ
ရခိုင်ပြည်ကြီးလုံးဝလွတ်လပ်ရမည်
မြီကြီးလက်ခတ်မလွဲကျိန်းသီ သေချာရေ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
အေပြီလ ၂၄ ရက်၊ ၂၀၀၅
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment