Wednesday, December 29, 2010

ဒုတ်ထောက်မျက်ကန်း

ရခိုင်စကား ပြောခီမှားလို့
ရခိုင့်စာပီ ဖတ်ခီမှားလို့
ရခိုင့်စာပီ ရွီးခီမှားလို့
မျိုးချစ်မျက်ကန်းရာ ဖြစ်လားခကေ

အသင်္ချီနန့်ကမ္ဘာတသိန်း
မျက်ကန်းမျိုးချစ်ရာ
ဖြစ်ပါလီ............။

မျက်မှန်အနက်
ဒုတ်ချေတလက်နန့်
သံသရာ ပလတ်ဖေါင်းထက်မှာ
လမ်းလျှောက်နီလီဖို့ယာ
ငါ.................။



ခိုင်မြသိန်း (ချောင်းသာကြီး)
၂၉၊ ၁၂၊ ၂၀၁၀
Glada Hudik

Thursday, December 16, 2010

ရက္ခမြီမှာ........

ငါ့လက်က
ဖေါင်တိန်မှင်စက်
ရခိုင့်စာပီ ထွန်းကားရေးအတွက်
ရီကြိုင်ချေတစက် ဖြစ်ခကေ

ငါ့ဂေါင်းထဲက
စိတ်ကူးစိတ်သန်းချေတိ
ရခိုင်ပြည်သူတိအတွက် ဖြစ်ခကေ

ငါ့ရင်ဘတ်ထဲက
အသည်းနှစ်လုံးတိ
ရခိုင်ပြည်သူတိကို ချစ်ခကေ

ငါ့ခန္ဓာကိုယ်က
ချွဲစက်၊ သွီးစက်
ရခိုင်ပြည်သူတိ လုံချုံဘဲကင်းရေးအတွက်
တပ်ထရံချေက တပ်တိုင်ချေတချောင်း ဖြစ်ခကေ

ငါ့ခန္ဓာ
အချိန်တန်လို့ ပုတ်ပျော့လားခါ
လခြမ်းမြီရိုးမအတွက်
မြီဆီမြီသြဇာရာ ဖြစ်ခကေ

သဂြိုင်္ဟ်လိုက်.......ငါ့ကို
ရက္ခမြီမှာ......................။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၄၊ ၁၂၊ ၂၀၁၀
Glada Hudik

ရှင်သန်နီရေနာကျဉ်းချက်

မရမက
ရအောင်ကြိုးစားနီစွာက
ဇွဲလုံးလ.....၀ိရိယ......။

နင်
ငါကို အမျိုးဖြှုတ်နှိမ်နင်းနီသမျှ
ငါ့....နာကျဉ်းချက်တိ တဖွဖွရှင်သန်နီသမျှ
ငါ့....ဂေါင်းထောင်ဖို့
ရုံကန်နီဖို့စွာ
သေချာရေ....ကျိန်းသီရေ.........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၀၁၊ ၁၂၊ ၂၀၁၀
Glada Hudik

Thursday, December 2, 2010

မှားနီရေပါမောက္ခ

လူမျိုးတမျိုး ရေရှည်တည်တံ့ခိုင်ခန့်ဖိုက
အသိပညာသျှင်၊ အတတ်ပညာသျှင်၊ အနုပညာသျှင်
ဘာသာရေးဂေါင်းဆောင်
နိုင်ငံရေး၊ တော်လှန်ရေး၊ မျိုးချစ်ဂေါင်းဆောင်တိက
အဓိက...............။

တခြားတခြား လူမျိုးတိမှာ
အမျိုးသားစိတ်၊ မျိုးချစ်စိတ်၊ လူမျိုးရေးစိတ်
ရှင်သန်နိုးကြားလာရေး၊ စာပီမြင့်မားလာရေးအတွက်
နိ့ထူးနိ့မြတ်တိမှာ
ကဗျာဖတ်ပြိုင်ပွဲ့လုပ်ကတ်
စာရွီးပြိုင်ပွဲ့လုပ်ကတ်၊ စာစီစာကုန်းပြိုင်ပွဲ့လုပ်ကတ်
မျိုးဆက်သစ်လူငယ်ချေတိကို
မြီတောင်မြှောက်ပီးကတ်၊ လမ်းညွှန်ပြသကတ်နန့်
ပညာသျှင်ပါမောက္ခတိ
တင့်တည်ခန့်ညားလို့.....၊
ဂုဏ်သတင်းတိမွှီးကြိုင်လို့......ကျော်ကြားလို့..........။

ငါရို့
ရခိုင်ပညာသျှင်တိမှာ
နောက်လိုက်ငယ်သားတိကို
”ဗမာစာကိုရွီးဖို့........လက်ထောက်ချ ညွှန်ကြားလို့.......ဖေါက်သည်ချ သင်ကြားလို..........။”

ထောက်ပြဝေဖန်သူကို ဘေးခေါက်
အမှန်ပြောသူ၊ ရခိုင်စာရွီးသူရို့ကို နောက်ခေါက်၊ မျက်ငြိုခေါက်
ဘွဲထူး၊ ဂုဏ်ထူး၊ ပညာထူးတိနန့်
ဝိုင်း..ခြိမ်းခြောက်လို့........
လူ့အသိုင်းဝိုင်းက မောင်ထုတ်လို့.....
ဂျောင်ပိတ် ၀ိုင်းသတ်လို့.............................။

ကြီးကေ မျှေင်
မြင့်ကေ ဖား
ငယ်ကေ အနိုင်စား
နောက်လိုက်ကြောင်ဖားတိကလေ့
နောက်လိုက်ကောင်း ပီဿလိုက်တေပင်
အများနန့်မိတ်မပျက်ရအောင်
မျက်နှာချိုသွီးပျာ
နီရာထိုင်ကွက်ချေတခု ရရေးအတွက်
စိုစွတ်နီရေမြီကြီးထက်
သတင်းစာခုထိုင်နီရေ................။

ရခိုင့်လူ့အဖွဲ့စည်း အမျိုးသားရေးစိတ် ပြန်လည်ဦးမော့လာရေးက
ရခိုင်စာပီ အဓိကမကျ....လတ်....၊
Communal Spirit လူစုလူဝေးစိတ်ဓါတ်က
အရေးကြီးရေ.....ဆိုကာ....။

ပြောခမေ
“မှားနီရေပါမောက္ခ
Communal Spirit ကို Literature (စာပီ) က  ကျားမကန်ကေ
ပြိုကျတတ်တေ.......။”

“စာပီမဟိရေလူမျိုးတမျိုးစွာ အကွတ်မဟိရေကြမ်းပြင်နန့်တူရေ....။”

“ရီလွတ်ငါးချေပိုင်
ရီမဟိရေကုန်းထက်မှာ အသက်ရှူရကေလေ့
တနားချေရာ..............။”


ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၁၂၊ ၂၀၁၀
Glada Hudik