Tuesday, June 30, 2009

ပြောင်းပြန်

ဖြောင့်တန်းနီရေ မျှည်းပြိုင်နှစ်ချေင်းက
ဋ. ဍ. ဠ ပိုင်ကောက်ကွေ့လို့
လေးဒေါင့်စတုရန်ပုံက
တန်းဆောင်ဘုန်းလပြည့်လပိုင် ၀ိုင်းစက်လို့
လပြည့်လစက်ဝိုင်က
လေးဒေါင့်မျက်နှာ ဘောင်ခတ်လို့
တြိဂံသုံးဒေါင့်ပုံက
မျှည်းဖြောင့်တစင်းပိုင် ဖြောင့်တန်းလို့……

စိုမဲကျီကတ္တမြားက
နံသာကျင်းမှာ နစ်မြုတ်လို့
ရွာပြိုရွာပျက်မှ ပုလင်းကွဲအစချေတစက
မိုးသောက်ကြယ်ပိုင် လင်းလက်လို့ တောက်ပလို့
မွန်းစောက်စောက်တည် နီမင်းကြီးက
လမိုက်ညာဥ့်ပိုင် မိုးရိပ်ဖုံးလို့ နီဝင်လို့
နတ်တော်လပြည့် လမင်းကြီးက
ဖြုတ်စိကြယ်ချေတိအောက်မှာ
သစ်ဖျားတင်လို့ လ၀င်လို့
ပြက်ထောင့်၊ ဆင်ဝင်ခန်းက ဆီမီးခွက်
ရီနံဆီကုန်လို့ မီးစာတုံးလို့ မီးသီလို့……

ဂေါင်းတုံးထိပ်ပြောင် ပဂံညောင်ဦးက
ဆံခွီဆလိပ်တိ လှုပ်ယမ်းလို့
ပုတီးစိုက်တေ မနုဿက
လူသမင်ပိုင်ရိုင်းစိုင်းလို့
ဂန္ဒ၀င်မြောက်ရခိုင်သူမချေရို့က
အကျဉ်းတန်ရုပ်ဆိုးလို့
အမျိုးစောင့်ရေ သဇင်ဖြူတခက်
နှင်းဆီကြက်သွီးရောင်သန်းလို့ ပွင့်ကြွီလို့
ဆံထုံးဆံခွီဖြီကျ
ကာလာအိုကယ်မီးရောင်အောက်မှာ
ချန်ပူရနံ့ထုံသင်းလို့ မျက်ရည်ပူတိချောင်းစီးလို့……

ကောင်းခင်က မိုးရိပ်မိုးတိမ်တိ
ဘင်္ဂလားပင်လယ်ပြင်အောက်
လီဟုန်စီးလို့ ပျံသန်းလို့……
မြီလျှို့မိုးပျံရေ ၀ံလက်က
ကြက်မပေါင်ကြား အတောင်ကျိုးလို့ ဂုတ်ထိုးလို့……

စက္ခုအာရုံမျက်လုံးအစုံလည်း
မျက်လွှာပွင့် အိပ်စက်လို့
နှတ်ခွမ်းအစုံ၊ လျှာတဖုံက
နောင်တော်မြစ်အောက်
သော့ကြီးခတ်လို့ ကျောက်ချလို့……

သံစိုင်မညီရေ သာခြင်းတပုဒ်
တူရိယာကြိုးပြတ်လို့
ငှက်ဖျားမိလို့ စည်ပေါက်လို့
ရွက်နုပြန်လူငယ်ချေတိက
ရွင့်ရွက်ဝါ လီမှာလွင့်လို့ လမ်းပျောက်လို့
မယားကွာဖို့ကြိုးစားနီရေ တရားလိုက
လင်ပေါင်းဖို့ မုတ်ဆိုးမဘက်မှာ
တရားခံဖြစ်လို့ ထောင်ကျလို့……


ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik, Sweden
21. 05. 09

မင်းထီး

ရခိုင်စကားပြောရေ
မိဖနှစ်ပါးကမွီးဖွား
ငါ-ရခိုင်စာကားပြောရေ

စာဟိပါလျှက်
ရခိုင်စာမသင်ဖူးရေ
ငါ့လက်ချောင်းတိ
ကျွန်စာကိုရာ ရွီးတတ်တေ
ငါ..........
ငါ့လက်ချောင်းတိကို ဖြတ်။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၅၊ ၀၁၊ ၂၀၀၉
Glada Hudik

ထာဝရမဲ့ကမ္ဘာ

ထာဝရမဟုတ်တေ
သံတစ်ချောင်း၏ ဟန်ချက်နန့်
လည်နီရေ ဂျင်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

ထာဝရမဟုတ်တေ
အုန်းလက်တိကြားက ကျီးငှက်၏
အသိုက်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

တာဝရမဟုတ်တေ
နိန့်နန့်ညကြားက လူသား၏
အသက်ရှူသံကလေ့
ထာဝရမဖြစ်နိုင်ပါ။

နှစ် (၂၀၀)ကျော်တိုင် ကျွန်ပြုခံရေ
အာရီယန်ကလေ့
ထာဝရမဖြစ်နိုင်ပါ။

ရဲမင်းဘော် (AASYC)

Sunday, June 28, 2009

ဝိမုတ္တိ

ဝိမုတ္တိ

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ အမြင့်မြတ်ဆုံး၊ အကောင်းဆုံးလို့
ငါ...မှတ်မိရေ။

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ တန်ဖိုးအကြီးမားဆုံးလို့
ငါ...သိနားလည်ထားရေ။

အို...လွတ်မြောက်မှု
သင့်ကို
လောကကြီး၏ လွတ်လပ်ပျော်ရွှင်မှု အဟိဆုံးလို့
ငါ...ယုံကြည်ထားရေ။

သင်က
လမင်းကြီးပိုင် ကြိုင်လွင်အီးမြရေ
လမင်းကြီးကိုပိုင် ငတ်မွတ်တောင်းတခြင်းခံရရေ
ကြယ်တာရာချေတိပိုင် တောက်ပရေ
လီပွီလီညှင်းချေပိုင် လှုပ်လျှားတိုက်ခိုက်နီရေ
လှိုင်းလုံးချေတိပိုင် ယိမ်းကရေ
စဉ္ဒရားမင်းခွာချေတိပိုင် လွတ်လပ်ပျံသန်းနီရေ
ပန်းပေါင်းစုံပန်းဥယိုင်ချေတိပိုင် လှပရေ
စမ်းချောင်းစမ်းရီချေပိုင် အီးမြရေ......။

သင်ရေ......
ငါ၏အသက်နန့်လှဲလှယ်ရယူရရေ ရည်မှန်းချက်ဖြစ်တေ
ငါ၏အသက်ချင်းလှဲ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တေ
ငါ၏အချစ်ဆုံးသူငယ်ချင်းဆိုကေ မမှား
ငါ၏ယုံကြည်ချက်၊ သစ္စာတရားလည်းဟုတ်တေ
ငါ၏အမြင့်မားဆုံးမျှော်မှန်းချက် ပန်းတိုင်
ငါ၏အမြတ်နိုးဆုံး ချစ်သူ
ငါ၏ကိုယ်ခန္ဓာသွီးလွှတ်ထုတ်ရာ ပင်မ
ငါ၏ပက်ခုံးအစုံ၊ စက္ခုအာရုံ
ငါ၏ချစ်သူကိုရွက်ဖက်ထားသော လက်ချောင်းများ
ငါ၏ပြုံးရယ်ရွှင်နီသောချစ်သူညမင်း၏မျက်နှာ
ငါ၏အပြစ်မဲ့ရင်သွီးငယ်၏ မျက်နှာ......။

လွတ်မြောက်မှုက
သင်၏လှပကျော်ကြားသော ‘နာမည်‘
ငါ့ရင်ထဲမှာထာဝရတည်နီလိမ္မည်

မိတ်သဟာယ စုစည်းညီညွတ်မှုက
ငါ၏အစ်ကိုယ်အကြီးဆုံး
အမြဲတမ်း ညာလက်ရုံး

မှန်ကန်ညီမျှ တရားမျှတမှုက
ငါ၏ညီမချေအငယ်ဆုံး
တဖ၀ါးမခွာ ဘယ်လက်ရုံး

ငြိမ်းချမ်းရေးလွတ်မြောက်မှု တမာန်တော်က
ငါ၏မိခင်

လွတ်မြောက်မှုနန့်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်သူက
ငါ၏ဖခင်

မျှော်လင့်ချက်ရောင်ခြည်နန့်
အနာဂါတ်တာဝန်ဝတ္တရားက
ငါရို့၏အသျှင်သခင်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ရက်စွဲ။ ။ ၀၃. ၀၃. ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

လူဖျင်းရို့၏သမိုင်း

လူဖျင်းရို့၏သမိုင်း

အလိုက်အထစ်
အငိုက်မိအောင်လည်း မဖမ်းနိုင်ခ

အချက်အလက်
ဟာကွက်လည်း မမြင်ခ

သတိဝိရိယ
ဇွဲလုံးလလည်း မဟိခ

ဗဟုသုတ
ခေတ်ရီစီးကြောင်းကိုလည်း မမြင်ခ

ရှိဆောင်လမ်းပြ
စွန့်စား၊ ၀ံ့စား၊ စွမ်းဆောင်မူတရားလည်း မဟိခ

အသိစိတ်ထား
သည်းခံမူတရားလည်း မဟိခ

မိတ်သဟာယ
အမျိုးသားစည်းလုံးညီညွတ်မူကိုလည်း မပြုလုပ်နိုင်ခ

ရက္ခိတ
မျိုးစောင့်၊ မျိုးချစ်တရားကိုလည်း မဟောနိုင်ခ

စာကုံးစာစီ
ရခိုင့်အက္ခရာစာပီ၊ ရသမှီအောင်လည်း မဖော်ထုတ်နိုင်ခ

လွတ်လပ်မူ
တိုင်းပြုပြည်ပြု
ကြီးဆင်းထု၊ ကျောက်ဆင်းထု၊ အုပ်ဆင်းထုကို...ထား
ကျုပ်သားဆင်းထုကိုလည်း မစွမ်းနိုင်ခ

တစွမ်းတစ
ဦးဆောင်လမ်းပြ၊ ကိုယ်တွိရာဇ၀င်ကိုလည်း မရွီးပြနိုင်ခ

နောင်လာနောင်သား
မျိုးချစ်လူငယ်များကိုလည်း မမွီးထုတ်နိုင်ခ

ပြိုင်ဖက်က
ကိုယ်နန့်မတူ ဘက်ပြိုင်ရန်မူ
ရန်သူယူဆ ကွဲကြပြဲကြ
ချင်းချင်းသတ်ကြ မလှမပ

ဥာဏ်နီဥာဏ်နက် ထက်မြက်ကွဏ်းမြူး
ဖောက်တွင်းတူးရှာ မျိုးတူအုပ်စုထဲမှာ
သြဇာကျော်ကြား လူတိုင်းပြော၏......။

ခိုင်မြသိန်း (ချောင်သာကြီး)
ရက်စွဲ။ ၀၃၊ ၀၆၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ရက္ခဘုံမိ

ရက္ခဘုံမိ

ဥာဏ်မြှော်မြင် ပညာသျှင်ရို့တလီ
အမျိုးသားချင်းညီ စည်းလုံးဦးဆောင်လီ
မျိုးစောင့်တရားနန့်ညီ ဇွဲလုံလချီ
မျိုးချစ်အာဇာနီ သားသမီးရို့
စွမ်းဆောင်လီ စွမ်းဆောင်လီ၊
ရိုးမတောင်ခြီ ဝေသာလီ ထောင်တိုင်းဝိုင်းရံညီ
ရမ္မာဒွါရ၀တီ မေဃဓည၀တီ
မေယုအဉ္စနနဒီ မဟီဂစ္ဆပနဒီ
ဝတီလေးရပ် နဒီလေးရပ် ထောင်တိုင်းထပ်
ပေါင်းစပ်စုတည် စုပေါင်းသက်စွန့်ကာကွယ်မယ်
အောင်ဗျာဝေ အောင်ဗျာဝေ
ရခိုင်ပြည် ငါရို့ပြည် ဘုံမိရက္ခနက်သန်ပြည်......။......။

ခိုင်မြသိန်း (ချောင်းသာကြီး)
January 27, 2004
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။


မှတ်ချက်။ ။ ဤကျဗျာကို ရခိုင်အမျိုးသားသာခြင်း (Arakan National Song or Anthem) အဖြစ်ရွီးစပ်ခြင်းဖြစ်ပါသည်။ ရခိုင်အမျိုးသားသာခြင်းမဖြစ်နိုင်လာသိမ့်တိုင်အောင် ရခိုင်လူမျိုးများအတွက် တစုံတရာအတိုင်းအတာထိ အကျိုးသက်ရောက်မူဟိပါလိမ္မည်ဟု မျှော်လင့်ပါသည်။ သို့သော် ဤကဗျာပါ နဒီလေးသွယ်မှာ အငြင်ပွားစရာဖြစ်နိုင်ပါသည်။ ၄င်များမှာ မေယုနဒီနှင့် မဟီရာနဒီဖြစ်ပါသည်။
မဟီရာနဒီသည် မအီမြစ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ရခိုင်ပြည်တွင်း၊ ပြည်ပ၊ တော်လှန်ရေး၊ နိုင်ငံရေး၊ ရခိုင့်စာပီပညာသျှင်အများစုမှာ နဒီလေးစင်ကို ပြည့်ပြည့်စုံစုံမဖော်ပြနိုင်ကြပါ၊ မဟီမြစ်၊ ကန်သာမြစ်များသည် ရခိုင်ပြည်တောင်ပိုင်ဒေဿမှ မြစ်များဖြစ်ကြသော်လည်း စာပီးများ၌ဖော်ပြမှုအလွန်နည်းပါးသည်။ ယင်းအတွက်ကြောင့် မဟီမြစ်ကိုဖြည့်စွက်ဖော်ပြခြင်းဖြစ်ပါသည်။ အများသဘောရ ကန်သာမြစ်ကို ကြစ်နှစ်သက်ပါက ၄င်းမြစ်ကိုသံစိုင်မပျက်ဖြည့်စွက်ဖော်ပြသီဆိုနိုင်ပါသည်။

ဤကဗျာကို အမျိုးသားသာခြင်းအဖြစ် သီဆိုလိုက်လျှင် စက္ကန့် ၅၀ ကျော်ဖြစ်ပါသည်။ နိုင်ငံတကာအမျိုးသားသာခြင်းတိုင်းသည် အရှည်ဆုံး ၁ မိနစ်ဖြစ်ပြီး၊ အတိုးဆုံး စက္ကန် ၄၈ မှ ၅၀ ဖြစ်ပါသည်။ အသင့်လျှော်ဆုံး စက္ကန် ၅၀ ကျော်အမျိုးသားသာခြင်းသည် အသင့်တော်ဆုံးဖြစ်သည်ဟု အများကဆိုကြပါသည်။ သံစိုင်ကိုရယူလိုသူတိုင်း အီးမဲလ်နန့်ဖြစ်စီ၊ ဖုန်းနန့်ဖြစ်စီ၊ ဘလောခ်မှတဆင့်ဖြစ်စီ ဆက်သွယ်မှာယူနိုင်ပါသည်။

ခိုင်မြသိန်း (ချောင်းသာကြီး)

ကာလရထား

ကာလရထား

ပြက္ခဒိန်ရထား
တန်းစီလို့ ၀င်လာရေကား
ထွား…တန်းစီလို့ ထွက်လားခရေ
(၁၂) လ စက်ခွင် ရာသီသျှင်လေ
မိခင်ရင်သား တနှစ်သားကို
နို့တိုက်လို့ ကျန်လိုက်ယင့်......။

ဆယ်စုနှစ်ရထား
တန်းစီလို့ရာ ၀င်လာရေကား
ထွား...တန်းစီလို့ရာ ထွက်လားခကတ်တေ
ဆယ်စုနှစ်စက်ခွင် ရာသီသျှင်လေ
မိခင်ရင်သား ဆယ်နှစ်သားကို
နို့မဖြုတ်သိမ့်......။

ကြည့်နီယင်း ကြည့်နီယင်း
ရာစုနှစ်ရထား
တန်းစီလို့ ပြီးဝင် ၀င်လာရေ
ထွား...တန်းစီလို့ ပြီးထွက် ထွက်လားခရေ
ရာစုနှစ်စက်ခွင် သက္ကရာဇ်သျှင်လေ
မိခင်ရင်သား နှစ်တရာသားကို
ပေါက်ဖက်မှာတင်ပြုံးရယ်ရွှင်
သားလှမိခင်နို့ရည်သျှင်လေ
ယိုင်းယင်လွှဲဗျာ သာခြင်းသာ
အရွဲ့ကျူးဗျာ ကျန်လိုက်ယင့်......။

အို...နှစ်တရာနန့်မကျီ
“နှစ်” နှစ်ရာကျော်ရထား
တိတ်တိတ်ချေ ခိုးဝင်လာရေ...ထွား
ကြည့်ဇမ်ချက်
တိတ်တိတ်ချေ ခိုးထွက်လားခရေ...ထွား
သားလှမိခင် ရာစုသျှင်လေ
တုံးလုံးတုံးကျင် ဒိုးထွင်ဂျင်ပေါက် အရွယ်ရောက်ကို
ဇမ်း၊ ယီးယိုင်သာခြင်း တခုချင်းစီကျူးပြလီ
ရတုရကန် မျိုးမာန်စိတ်တက် ဖော်ကျူးပြလျှက်
အရွဲ့ကဗျာအလင်္ကာ စာစီစာကုံးအစအဆုံး
တလုံးမကျန် သင်ကြားပြန်လည်
ပြန်လည်သင်ကြား သမိုင်းရုပ်ကြွင်းစာမျက်နှာများ
တရွက်ချန်မထား၊
(၂၁) ရာစုရထား ပြန်ထွက်မလားခင်
သင်ခန်းစာကုန်စင် ကျောင်းခန်းဝင်လို့ပြီးလိမ္မည်......။

နှစ် (၂၀၀) ကျော် ရသည့်သင်ခန်းစာ
သူ့အတွက်နည်းပညာ သူ့အတွေးအခေါ်
စွန့်စား...၀ါသနာ
ဝံ့စား...အနစ်နာ
ပြုစား...စေတနာ
ဝါသနာအလျှောက် ဗီဇမြှောက်လျှင်
ရိုးမတခွင် သူသာအသျှင်
ကြံလျှင်မလွတ်
ခူးဆွတ်အောင်ပွဲ တိုင်းပြည်လွတ်လပ်ရေး......။

လွတ်လပ်တိုင်းပြည် ပြန်ထပ်တည်
သားချေယာက်ျား ရိုးမရထား
ကောင်းကျိုများ၏......။......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင် ၁၉၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ရက္ခစိုင်လာပြည်

ရက္ခစိုင်လာပြည်

ရခိုင်ပြည် ငါရို့ပြည် ရက္ခစိုင်လာပြည်
ကျောင်းသားနန့်လူငယ် စုရုံးလို့တပ်ဦးချီကတ်မယ်
နိုင်ငံတော်သားကောင်းရို့လေ
အာဇာနီသားကောင်းရို့လေ
အရိုးကြီကြီ အရီခမ်းခမ်း
နိုင်ငံရန်စွယ်များကိုလေ
မသာမာသူများကိုလေ
အမြစ်ပြုတ်တိုက်ထုတ်
ချယ်မှုန်းပစ်ကတ်မယ်......။

ရခိုင်ပြည် ငါရို့ပြည် ရက္ခစိုင်လာပြည်
မျိုးမြတ်အာဇာနီ ရခိုင်သားရို့စုစည်းညီကတ်မယ်
ပြည်မာဏ္ဍိုင်ထွန်းတောက်ဖို့လေ
နိုင်ငံသာယာအီးချမ်းဖို့လေ
စုစည်းညီးညာ ချိန်ဟုန်ပြင်းပြင်း
နိုင်ငံရန်စွယ်များကိုလေ
မသာမာသူများကိုလေ
အမြစ်ပြုတ်တိုင်ထုတ်
ချယ်မှုန်းပစ်ကတ်မယ်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၇၊ ၆၊ ၁၉၉၉
နယူးဒေလီ၊ အိန္ဒီယာ။

ညီညွတ်မှုအင်အား

ညီညွတ်မှုအင်အား

ဝတီလေးရပ် နဒီလေးရပ်
ထောင်တိုင်းထပ် စုပေါင်းညီညွတ်
လက်ချင်းဆက်ကတ်
နှစ်လုံးသားဝိဥါဏ်ချင်း ပေါင်းစပ်
တော်လှန်ရေးအထပ်ထပ် ဆင်နွှဲကြ
အမျိုးဂုဏ် စေါင့်ထိမ်းကြ
ရက္ခမာန်မာန လုံးလ၀ိရိယ
ဇွဲမာန်မလျှော့ ကြိုးစားအားထုတ်ကြ
ဝံ့စားစွမ်းဆောင်ကြ
စွန့်စားစွမ်းဆောင်ကြ
သက်စွန့်ပီးဆပ်ကြ
လွတ်မြောက်ရမည်
ရက္ခမန္တလ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၉၊ ၉၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။
ရိုးမအားမာန်

ရိုးမကျောက်ဆောင်
လှိုင်းသောင်းရာထောင်
နတ်ဆိုးလီမောင်
ပြင်းမိုင်ရာထောင်
ဖြိုလို့မပြိုယှောင်......။

သူယောင်ကမ်းမြောင်
သဲသောင်ရာစိုး
ပထ၀ီပိုး
သန္တာကမ်းရိုး
လှမြီတိုး......။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁၈၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ကျောက်ဆောင်

ကျောက်ဆောင်

ဒါလီလှိုင်းကြီး
ဒေါဿကြီး
အားကြီးလှိုင်းမာန်
သူတပါးကိုမကောင်းကြံ
ကြံစိုင်လည်းပျက်
သူလည်းညက်
ညက်ညက်ထွက်ထွက်ကြီ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁၉၊ ၂၀၀၅
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

အမျိုးဂုဏ်မှန်

အမျိုးဂုဏ်မှန်

မပီဝိုးဝါး
ပန်းချီကားတချပ်
အထပ်ထပ်အခါခါ ရွီးဆွဲ
အခုထက်ထိ အရောင်မွဲနီသိမ့်ရေ......။

ဟင်းလင်းပြင်ပိတ်ကားချပ်
အနားသတ်မျှည်းဘောင်လည်းမဟိ
စုပ်ချက်ဆီးသားလည်းမထင်း
ခဲသားလည်းမပေါ်
မှင်စက်လည်းမချင်း
သုခုမလက်ရာလည်းမမြောက်
ဂီတသံစိုင် ဟံယိုင်လည်းမမွန်
ရသကဗျာ အင်္လကာလည်းမပါ
ရုပ်လုံးရုပ်ပြောင် ဇတ်ကောင်လည်းမပေါ်လာ
ဇာသူလဲပန်းချီဆရာ၊
သူလာသူဆွဲ
ငါလာငါဆွဲ
ဖရိုဖရဲ တယောက်တကွဲ
တယောက်တလမ်းထဲ
တတောင်တပါတီစွဲ
စိတ္တဇ၀ဲဂယက်ထဲ
တ၀ဲလည်လည်ရစ်ပတ်
ချာလပါတ်ချားရဟတ်
တော်လှန်ရေးအထပ်ထပ်
စုပေါင်းညီတွတ်မှုလည်းမဟိကတ်
အမျိုးသားရေးစိတ်ဓါတ်လည်းမိကျ
ဆယ်မနိုင်ကောက်ရ
တစက်စီ စီးကျလာရေသွီးစက်
တပွက်ချင်းပွက်နီရေ ကိုလိုနီသွီးနွံအိုင်ထဲ
မျိုးနှောရောယှက် အုပ်ကွဲထက်
စူးခြုံညောင်မြစ်ကြက်
ဓါးထက်ထက်နန့်
ဇာသူလဲ ပေါင်းချင်းနိုင်ဖို့စွာ......။

ရိုးရာသုခုမလက်ရာလည်းဖျောက်
မျိုးနှောဇတ်ပျောက်
ဘာသာခြားစကားဝင်ရောက်
သူလည်းတမောက်......
“အဖေက ဗမာ၊ အမေက ယခိုင်ဗျာ”
“အဖေက ယခိုင်၊ အမေက ဗမာပါချိန့်”
“အာ...အဖေက ယခိုင်၊ အမေက ချင်း၊ ကချင်း၊ ကယား၊ ကရင်၊ ချမ်း၊ မွန်”
အို......ဒေလည်းတမျိုး
ဟင်းချိုးညွတ်ပေါင်း ဆားမပါလို့မကောင်း
အပျိုငေါင်းကြီး လှစံသီး
လင်မရနိုင်လို့ ကုလားနောက်ခိုးရွာပါ
“မျက်ချိပ်ဆင်လို့ ယူလားစွာရာ၊
ဂုတ်ဆက်ဓါးမိုးလို့ ယူလားစွာရာ၊
ခြိမ်းခြောက်လို့ ဆက်သလိုက်ရစွာရာ”
ဘင်္ဂလာရခိုင်သား ကုလားရောရေ
ဘုန်းကြီးလာကေ ၀ီးဝီးယှောင်
ပုတ်ဂျောင်ရိုင်ဂျောင်ကြား
သားမွီးရလိမ္မည် သတိထား
ထားခရေကိုယ်ဝန်
ဖသျှင်ခံဖို့ ဇာမှာလဲရခိုင်သား
သွားပုတ်လီလွှတ်ရာများ
သူလာသူယှောင်လား
ငါလာငါယှောင်လား
ဇတ်မနှောနိုင်ရေ ရခိုင်သူမချေ
လင်မရဘဲမုဆိုးမဖြစ်လားရရေ......။

မျိုးကိုချစ်ကေ ရခိုင်သား
မှုံဝါးမပြတ်သားရေ ပန်းချီကား
စုတ်သွားကောင်းကောင်းနန့်
ထပ်ဆွဲဖို့ကြိုးစားကတ်မည်......။

ကြီမွအရည်ပျော်ကျလားရေ အုပ်ကွဲ
ပထီဝီမြီကြီးထဲ စိမ့်ဝင်ပေါင်းစပ်
တထပ်တဖန် ပြန်ဖွဲ့စည်း
အုပ်သားကျောက်ကြောခိုင်မြဲစီရေ အောင်ပွဲ
မြီလှန်တိုက်ပွဲနွှဲ......။

စုတ်ချက်စုံရေပိတ်သား
ဟန်ချက်ညီရေပန်းချီကား
မှင်စက်ယှင်းယှင်း
ခဲသားကြင်းကြင်းနန့်ဇတ်စကား
ရသကဗျာ အင်္လကာများ
ရုပ်လုံးရုပ်ပြောင် ဇတ်ဆောင်မင်းသား
မျိုးဂုဏ်စောင့်ရေ ရခိုင်သား
သံလျှက်ဓါးထက်ထက်နန့် ပေါင်းယှင်း
သမိုင်းရုပ်ကြွင်း အုပ်တလင်း ယှင်းယှင်းလင်းလင်း
နန်းရင်းတံတိုင်းအတွင်း
မင်းခင်းယောက်ျား
ပြန်ထားရုပ်ပွား မုနိဘုရား
ကြိုးစားအားမာန် မျိုးဂုဏ်မှန်၏......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျွန်လ ၃၀၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

နီဝင်ချိန်

အရှိနီဝန်း
ဂန္တရပန်း
အနောက်မှာညှိုးနွမ်း
သစ်ဖျားတင်နီဝန်း
သရမ်းရောင်ခြည်
ညှိုးမှိန်လားရလိမ္မည်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၆၊ ၁၀၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။
စစစစစ

ဆီမီးခွက်

ဆီမီးခွက်

ကြီးသွမ်းဆီမီးခွက် ၀ါဂွမ်းဆီစါ
ကန်းကျင်ဆီပါ လင်းလက်လက်ရောင်ခြည်ဖြာ
ဝေသာလီမြို့ရွာ ထိမ်ထိမ်သာဖူး၏......။

ဆီမီးခွက်သင်ခန်းစာ သင့်အတွက်နည်းပညာ
ယူကာမှတ်ကာ သက်စွန့်ကျင့်သုံးကာ
ဇာတိမျိုးမာန်သူအောက်မခံ ကြိုးကြံမနုဿ
ဗီစလည်းထူ ၀ိရိယကူက
ရက္ခပူရ တိုင်းဓညလေ
လွတ်မြောက်တိုင်းပြည် ပြန်ထပ်တည်လျှင်
သင်သာဆီမီးခွက်......။

ဆီမီးခွက်ရို့၏ သင်္ဂေတ
အလင်းရောင်ကို ရှိဆောင်လမ်းပြ
အမှောင်ထုကို ဖြိုခြွင်းကြ၏......။

ခိုင်မြသိန်း (ချောင်းသာကြီး)
နိုဝင်ဘာလ ၁၀၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မျိုးဥတန်ဖို

ပွင့်တိုင်းမသီး
သီးတိုင်းမအောင်မြင်
အောင်မြင်တိုင်းမျိုးစိမဖြစ်ထွန်း
မျိုးစိတိုင်းအညှောက်မထွက်
ထွက်လာတိုင်းအညှောက်
သစ်ပင်မဖြစ်ထွန်း
ဖြစ်ထွန်းလာသောသစ်ကြီးဝါးပင်
တောကြီးမြိုင်မြိုင်ထနိုင်ကြသော်လည်း
ဝိဥာဏ်တစ တခုဘ၀ရခက်ဆို၏


ပွင့်ကြသီးကြ
သန္ဓေတစ မျိုးဥဗီစ
လူဘ၀ကိုဖန်ဆင်း ကြီးကြပြင်းကြ
လူ့သမုဒ္ဒရာရီအိုင်တမြမြ
ဖြစ်ထွန်းနိုင်ကြသော်လည်း
မနုသတ္တောဒုံလဘော လူဘ၀ကိုရခက်ဆို၏


ရတုံရခိုက်
လူ့သမုဒ္ဒရာကိုဆုံဆိုက်ခိုက်
သင့်ရပ်သင့်ရွာ သင့်မြို့သင့်ပြည်
သင့်တိုင်းနယ်အတွက်
ထိုးထွင်ကြံဆ တစွမ်းတစ
ပြုပြကောင်းကျိုး
ဘ၀ရကျိုး တန်ဖိုးတိုး၏


ခိုင်မြသိန်း (ချောင်းသာကြီး)
မေလ ၁၅၊ ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

Tuesday, June 23, 2009

အာဂလူသား

သန္ဓေတစ
လူ့ဘ၀ကိုဖန်ဆင်း
ဂျောက်တွင်းမနစ်အောင်
ကြံဆောင်မနုဿ
ဇွဲလုံးလ၀ိရိယမလျှော့
အားကျပြိုင်ပြ
သူတပါးရို့၏ဘဝ
ကိုယ့်အတွက်သာဓက
စံပြလူသား
မြောက်များကုဋေကုဋာ
အေလောကလူ့ဘုံမှာ
ကြိုးစားယူက
လိုတိုင်းရ၏......။

ခိုင်မြသိန်း (ချောင်းသာကြီး)
အောက်တိုဘာလ ၆၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မယ်ဇူရမ်


ဂစ္ဆပနဒီမြစ်ဖျား စည်ကားသစ်မြစ်နီရေလူသား
အယင်က ပဒရီဖင်ကြားကျပ် ကြောရိုးမှာပွီးဝပ်လို့။



ပွီးဝပ်လို့လူသား ယ္ခုကားတိုက်အိမ်စံ
ခေတ်ကိုပြောင်းပြန်လှန် စေတမံမနုဿ
လှလှပပ ၀တ်ဆင်၊
ဆင်ယင်ဖန်ဆင်းထားရေ တိုက်ကြီးအိမ်ကြီးများ
ဗျိုင်းဖြူအုပ်ကြီးအလား
အံ့သြလောက်အောင်ပင် ဖြူဖွေးနီပါရေကား
လျှပ်စစ်မာကျူရီမီးသီးများ (၂၄) နာရီထွန်းလင်းထား
သူရို့ကား......အမှန်မနုဿလူသား
နတ်ဘုံအလား......။



နဂါးလိမ်နဂါးရစ် အထစ်ထစ်ကတ္တရာလမ်း
စီတန်းနီရေ ကျွန်းသစ်တောကြီးများကြား
ကုန်တင်ကား၊ လူတင်ကား၊ ဇိမ်ခံကား
တကားပြီးတကား တရွိ့ရွိ့ချီဆင်း
တကားပြီးတကား တရွိ့ရွိ့ချီတက်
မိုးသားတိမ်တိုက်ထက်တိုင်အောင်......။

တောင်စိုင်တောင်တန်းကြီးများကြား
ရွာစိုင်ရွာတန်းကြီးများက
လှပျိုဖြူသံဒိုင်းမယ်များ
နတ်သျှင်မယ်အလား မိုးသားနှင်းရည်စား
ရောင်စုံတိမ်သားများနန့် ပြိုင်ပြနီလီယင့်......။


ခိုင်မြသိန်း (ချောင်းသာကြီး)
နိုဝင်ဘာလ ၂၇၊ ၁၉၉၇။
ဆိုင်ဟာထောင်၊ မယ်ဇူရမ်ပြည်၊ အိန္ဒီယာ။


နွားကျောင်းသားတဦး၏ တော်လှန်ရေးဘာသာစကား

စပါးကျီကစပါး ကြွက်စား
ကြပ်စင်က ငါးပြီချေတအိုး
ကြောင်ခိုးစားတွင်းကုန်၊
အိမ်နောက်က ပဲတခြုံ
ဆိတ်စားတွင်းကုန်၊
တောင်စေါင်းနားက စပါးပုံ
ကြက်ကျီးစားတွင်းကုန်......။

ချောင်းနားကမ်းဗိုင် ရီအိုင်မြမြ
ပုဇွန်၊ မျှိုင်ပေါက်စ ရင်းဒွန်းထိုးလို့မရ......။

ခမောက်မဲ့၊ ဖာသားချဒယောတထည်ဝတ်လို့
နွားကျောင်းနီရေ ငါ့ညီချေ
ကျောင်းတက်ရကောင်းမှန်း သူ...မသိ......။

ဓါးပြင်ဆိုးတယောက်တလက်နန့် ပြား၊ ယာခွတ်နီရေ
ငါ့အစ်ကိုကြီး၊ ငါ့အစ်ကိုလတ်ရို့မှာ
အင်္ကျီဆွီးစုတ် ပြန်ခြုပ်ဖို့ခြည်မဟိ......။

မွဲပြာရောင်သရက်ထည်ထဗိန် အဆွီးတထည်ဝတ်လို့
အချိတ်ထဗိန်ရက်နီရေ ငါ့ညီမချေ
ခါးထဗိန်ကျွတ်၊ ဆံထုံးဆံညှပ်၊
သဇင်ဂေါင်းကကျွတ်နီစွာ သူ...မသိ......။

ဆန်တောင်းဆန်ရိုင်ကုန်စင်
ဘယ်လက်ခေါင်ပိုင်သျှင် ငါ့မိခင်
အိမ်ဦးဘုရားစင် သူမ...ဆွမ်းမတင်နိုင်......။
စပါးတင်းထောင်ချီဖြည့်ထားရေ
ထီးကြောင်းဘောက်သာ ပုလုတ်ဆန်ခါ
ဒုံနာမဲ့ တက်ကျိုးသမ္ဗာန်ကြီးနန့်
ပင်ထောင်ဆပ်ဖို့လာရေ ငါ့ဖခင်
နောက်ကုန်း ဆားဖုံးနီစွာ သူ...မသိ......။

အိမ်အိုကျားထောက် အိမ်တိုင်တီရောက်
ပုန်းဖီ၊ ထောင့်ယောက် ခြကြီးဖေါက်
မစွမ်းသာ အိမ်အိုပြန်ဆောက်
တောင်ရင်းကျွန်းမှာ တောကြီးပျောက်......။

ဘုရားစင်ကဘုရား သူရို့ယူလား
ဟိဟိသမျှ ယိုင်ကျေးမှုရတနာများ
ထွက်ထွက်သမျှ သယံဇာတများ
သီးသီးသမျှ ဆန်စပါး
ပွားပွားသမျှ သစ်ဝါး
ကျူးကျော်သူရို့ရာ ကြီးပွားလားကေ
ငါ့လက်က ကလောင်ဓါး အကြောင်းမဲ့အတုံးမခံ
“ထ” တော်လှန်မည် အဓိဌာန်တည်၏......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၉၊ ၁၊ ၂၀၀၇
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

တမာသစ္စာ

တမာမုသား လျှာဖျားနှုတ်ချို
စိတ်သိုစားခါး မပေါင်းငြားအပ်
မှတ်သားမိတ်ဆွေ လူ့ရပ်ပြည်၌
သစ္စာဂတိ သူ၌မဟိ......။

မသိမိုက်မှား နားထောင်ငြားက
သင့်ကိုအိပ်မောချလိမ္မည်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဧပြီလ ၆၊ ၂၀၀၇။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

လူသမ်းကြဲ

မတကောင်မှာ ဥတထောင်ပေါက်ပွား
အရီပြား...လှိုင်းတလှိမ့်လှိမ့်တလိပ်လိပ်ထလား
ယားကျိ့ကျိ့ ၀ဲသီးဝဲခြောက်နာ
အင်းဗျိုင်ရှာကွက်ကျား
ငါ့ကိုယ်...ဝေဒနာခံစားစီရေ...သင်......။


အို...ငါ့ကိုယ်ခန္ဓာကိုမှီ
ငါ့ကိုယ်ခန္ဓာဓါတ်လေးပါးနန့် သက်ဝင်လှုပ်လျှား
ငါအရီလွှာအင်္ကျီမှာ ကြီးပြင်းပေါက်ဖွား
ငါ့အသွီးသားကိုစုပ်
သင်ကား...အမှန်သမ်းကြဲလူယုတ်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျွန္န၀ါရီလ ၆ ရက်၊ ၂၀၀၅။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ဟစ်တိုင်

လာကတ်ဝေ လာကတ်ဝေ
အာရုံဦးမိုးထက်ရောင်နီသန်းနီဗျာဝေ လာကတ်ဝေ
ရွာဦးဘုန်းကြီးကျောင်းက မင်္ဂလာကြီးသံစည်တီးနီဗျာဝေ လာကတ်ဝေ
တယောက်တလက် ၀ိုင်းကြီးပါတ်ပါတ်ဆက်
မြုံကြက်နီရေအမှောင်ညဥ့်ကို တိုက်စားပစ်ဖို့ လာကတ်ဝေ
အို...... လာကတ်ဝေ......လာကတ်ဝေ
ညီတူညီညာချီ လာကတ်ဝေ......

ဆင်းရဲခြင်းဒုက္ခနွံအိုင်တွင်းက
ရုံးထွက်မရ ခိုကိုးနားနီမရ
ဖိနှိပ်မှုလွှမ်းမိုးခံဘ၀ ပြုစားလှည့်စားသမျှ
ဖြီဖျက်မရ နာကျဉ်းချက်ဝေဒနာတိနန့် အိပ်မောကျ
နိုးထကတ်ဝေ နိုးကြားကတ်ဝေ
အာရုံဦးမိုးထက် ကြက်တွန်သံကြားကေ လာကတ်ဝေ
အို......လာကတ်ဝေ......လာကတ်ဝေ......
ညီတူညီညာချီ လာကတ်ဝေ......

ဖိနှိပ်သူရို့လုပ်ချက် အခုထက်ထိသွီးစက်
ယိုထွက်မက စမ်းချောင်းမြစ်ရီစီးကျ
လက်အောက်ခံသူရို့ဘ၀ လက်ပန်းခြီပန်းကျ
ကုသမရ ဒါဏ်ရာဒါဏ်ချက်တိနန့် အိပ်မောကျ
နိုးထကတ်ဝေ နိုးကြားကတ်ဝေ
အာရုံဦးမိုးထက် ကြက်တွန်သံကြားကေ လာကတ်ဝေ
အို......လာကတ်ဝေ......လာကတ်ဝေ......
ညီတူညီညာချီ လာကတ်ဝေ......

ခိုင်မြသိန်း (ချောင်းသာကြီး)
နိုဝင်ဘာလ ၁၉၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိ ရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း အပိုင်း (၁)

(ပီပျောက်)

မြင်းစီးမှာမောင်းဂွတ်က၊ မီးကျည်တန်းခေါ်၊ လက်နက်တော်ကို၊ လျှင်စွာယူဆောင်ခလော့၊ သေနပ်နှင့်လှဲကမံ၊ လက်နက်များကို၊ ပီးအပ်နှံ၍၊ ကြီးစည်သံဗောမှုတ်ကာ၊ ခရာထွက်သည်၊ တိမ်ထွတ်ထက်အာကာမှ၊ တီးမှုတ်လှာဟန်မပြား၊ သောင်းဇမ္ဗူဝယ်၊ ထိန့်ဆူကျော်နှံ့ကြားမျ၊ တသောသောချီကြခါ၊ ရာပသိန်သတ်၊ မင်းမြတ်၏နောက်တော်ဝယ်၊ ပွင့်လောင်းလျာမယ့်ကြင်စ၊ ကပ်၍ပါသည်၊ ဆံမြွှာမယွင်းခွတည်း။ မှုးမတ်ကားအထဲမှာ၊ ဖွဲ့ဒါကြီးသည်၊ အသောင်းအဒူလာနှင့်၊ အဟောဒါမာတဒိန်၊ အစီရင်ထွေ၊ တိုးအောင်ကြွယ်သည်၊ အကယ်ပါလျှင်းလီ၏၊ တိုင်းရပ်မြီရခိုင်မှာ၊ ဒါးပိုင်ကြီးသည်၊ ရှိကအမတ်တော်၏၊ ရင်တွင်းမျော်ကျူး၍ဖွား၊ ထိန့်ထိန့်ဆူသည်၊ ဇမ္ဗူကျွန်းလုံးကြား၏၊ သားကြီးကားအမ်းစားသာ၊ မယ့်သက်သျှင်လည်း၊ ယင်းခါနောက်တွင်ပါလျှက်၊ ခေါ်တွင်ကာတိမ်ကြားဗိုလ်၊ မာလုံသတ်သည်၊ ရီကြောင်းချီလီဆိုက၊ နောက်တော်ကိုပါလီငြား၊ သိန်းသန်းဗိုလ်ခြီ၊ အင်္သချီသည်၊ မြီဝယ်မွန်းမျှလား၏၊ ချီတက်ငြားလီကြခါ၊ စစ်တကောင်းသည်၊ မြစ်မကိုကူးပါလျှက်၊ တက်လီသော်လက်ဝဲနား၊ ဘောင်းဒွတ်တောင်ကို၊ ပါယ်ယှောင်လွန်ကာလားက၊ လက်ယာနားပြင်ကြီးသာ၊ ဖောက်ကျီဈီးကို၊ လွန်၍လားလီပါလျှက်၊ ကန်ရှည်မှာဆိုက်မနား၊ ဟာလဘင်းခေါ်၊ စုက္ကရာကို၊ လျှင်စွာချီတက်လားလည်း၊ ရီကင်းနားဆည်ကြီးသာ၊ ပတ္တလီကို၊ ထိုခါဆိုက်ရောက်ပါ၍၊ ပင်းဝါရွာမရောက်ခင်၊ ရခိုင်ဝန်သာ၊ မောင်စံပျော်သည်၊ ယင်းမှာကြားလီကျင်၏၊ သားမောင်ပင်င၀ိုက်ကေ၊ ငါရို့သက်သည်၊ အခုသီရမည်ဟု၊ ဖက်ယပင်းငိုကြခါ၊ အတွင်းဝန်သည်၊ မှန်မှန်ကြားလီပါ၍၊ ကြောက်ဝှန်ကာတုန်လှုပ်ငြား၊ မိုးဦးခါသည်၊ ဖားသော်မြည်သောလားသို့၊ တသောသောငိုလျှက်သာ၊ တပ်လုံးသားသည်၊ ထွက်လားပြီးလီပါက၊ ဖမ်းဆီးကာရှာမရ၊ တစစ်အောင်သည်၊ ကိုယ့်သျှင်ဘုန်းကြောင့်နှင့်တည်း။ ချီတက်ကြွလိုက်လီခါ၊ ဖလောင်းချိတ်မှာ၊ လျှင်စွာရောက်တုံပါလည်း၊ တောင်ကိုသာမျှောင်ကာလား၊ ရဲစုချောင်းလွန်၊ ချီတက်ပြန်သော်၊ အမှန်မတန့်မနားတည်း။ ပန်းမော်ကားလက်ဝဲသာ၊ သင်းပေါင်းချောင်းကို၊ ပါယ်၍လွန်ခဲ့ပါလျှက်၊ မြင်းမျက်နှာတောင်အနား၊ လားလီပါသော်၊ ငတ်မော်ဆိုက်ရောက်ငြားက၊ ရဲမက်များသိန်းဗိုလ်ပါ၊ ညောင်းညာဖြီလျှက်၊ ဆိုင်းငံ့နီရပါသည်၊ မောင်တောတပ်မှာတည်းလေ။ ။

မောင်တောတပ်မှာ၊ ဆိုက်ရောက်ပါသည်ယင်းခါတွင်၊ ဥာဏလျှင်မြို့စာရွီး၊ လက်ဝဲဖက်မှာ၊ တပ်မတော်ကို၊ ဖြိုကာထွက်၍ပြီးလျှက်၊ ကြောက်ဝှမ်ကြီးတုန်လှုပ်ကာ၊ အောက်သားပျက်သည်၊ လျို့ဝှက်နီလီပါက၊ ယင်းသောခါကိုယ့်သခင်၊ အနောက်ငယ်ကို၊ လက်ဝယ်သိမ်းယူကျင်၍၊ အစလျှင်ပဌမ၊ နှောင်းဖော်ရွှီကို၊ ကျွန်းအုပ်ခန့်ပီးခလျှက်၊ ချီတက်ကြွလားကြခါ၊ အလယ်သညာ၊ ကုလားရွာမှာ၊ လျှင်စွာရောက်လီပါက၊ ယင်းတွင်သာဆိုက်မနား၊ ကျောက်ပန်းစွယ်ကို၊ လက်ယာပါယ်ယှောင်ထားလျှက်၊ တသောသောချီကြခါ၊ ပြည်ထိပ်မှတ်သည်၊ မယူနတ်ကြီးမော်သို့၊ ဆိုက်ရောက်ခါတုံပြီးမှ၊ များဗိုလ်ပါသည်၊ ယင်းတွင်တပ်ကြီးချ၍၊ တန့်ရပ်ကြနီသောခါ၊ (------)၊ သင့်ရာသားနှင့်၊ မိမ္မသားသူငယ်များ၊ ဥပမာသည်၊ သားလင်ရောက်လာငြားသို့၊ ရွှင်ပျော်ပါးဝမ်းကြီးသာ၊ အဖူးလက်ဆောင်၊ များမြောင်ပို့ဆက်လှာ၏၊ ချီတက်ကာတသောသော၊ ဦးရာဇ်တောင်သည်၊ သျှင်ပင်ဓါတ်ရောက်ငြားက၊ အထွတ်ဖျားစေတီမှာ၊ တင်းခွန်ကုက္ကား၊ မုလေးပွားကို၊ လျှင်ငြားပူဇော်ပါလျှက်၊ လားလီကတုံခါပေ၊ ကုလားပုံးကို၊ လက်ဝဲထားကာသည်တည့်။ ဆင်ခံဝယ်ဆိုက်ရောက်က၊ ကိုယ့်သခင်သည်၊ ယင်းတွင်တပ်ဦးချလျှက်၊ ကုလားကအဟောဒါ၊ မာတဒိန်ကို၊ စာနှင်စီလွှတ်ပါ၏၊ ချောင်းဖလာတပ်ထဲဝယ်၊ တလိုင်းအောက်သား၊ သျှမ်းအများကို၊ လျှင်လျားထွက်လားလီဟု၊ ကြံကာပေနီသောခါ၊ နင်ရို့များသည်၊ ကျင်းကျင်းအကုန်စွာကို၊ ရဲမက်တော်ဂူရာက၊ သတ်ဖြတ်မည်ဟု၊ အကယ်တည့်တည့်ပြော၍၊ ခုလျှင်လျားတုတ်နှောင်မည်၊ တမန်လွှတ်လျှက်၊ ခေါ်ဗတ်ပြောတုံပေလည်း၊ နားမလည်းအောက်သားမှာ၊ ကောင်းမည်ထင်ဗျာ၊ ယင်းတွင်တွင်းတူးပါလျှက်၊ ကြွက်ဟန်သာနီတုံငြား၊ စာရေးကြီးသည်၊ င၀ိုက်ကေနှင့်၊ နားခံမောင်လုံးများရို့၊ အမှားမှားနီကြခါ၊ ကိုယ့်သခင်သည်၊ ယင်းတွင်မာန်ကြီးပါ၍၊ ဂေါ်မီတော်မော်သတ်နှင့်၊ မောဇော်ကတ်တင်၊ သောက်သတ်လျှင်လည်း၊ ခုပင်ချီလားကြဟု၊ နှုတ်သံမြချခါဝယ်၊ ရီဗိုလ်ချုပ်သည်၊ လျှင်စောချီတက်လီ၍၊ တိုက်ကြပြီးတုံသောခါ၊ သျှမ်းအောက်သားသည်၊ ပြီးငြားမလွတ်ပါတည်း။ နားခံတော်မောင်လုံးမှာ၊ လက်ဝါးပေါက်လျှက်၊ ပုန်းရှောက်ထွက်ပြီးပါ၏၊ င၀ိုက်ကေစာရွီးမူ၊ အောက်သားများသည်၊ သဲဖျားကြွီလှုပ်တုန်မျှ၊ အငတ်မှုမစစ်သာ၊ လင်းကဲအသွင်၊ တောထဲဝင်၍၊ ယင်းတွင်ပြီးလီကျင်က၊ ချောင်းဖလာတပ်ကြီးကို၊ ဘုန်းတော်အားနှင့်၊ လျှင်လျားတိုက်ခိုက်ဖြိုသည်၊ ငြိုးသိုစကားကြောင့်လေ။ ။

ငြိုးသိုမှန်စွာ၊ တိုက်ကြပါသည်ယင်းခါတွင်၊ အုန်းတပင်တပ်မမှာ၊ မိုးကောင်းဗိုလ်နှင့်၊ ငချေးကြားလီပါက၊ ကြောက်ဝှမ်ကာတုံလှုပ်ငြား၊ တပ်လုံးသူသည်၊ ဆောင်းတွင်ချုပ်ထားငါးသို့၊ သီမိမောအသွယ်သွယ်၊ ကြောက်ဝှမ်ကြီး၍၊ ထွက်ပြီးကြလီ၏။ ချီတက်ပေကိုယ့်သခင်၊ ကျွဲခြံတောင်မှာ၊ လျှင်စွာဆိုက်ရောက်ကျင်က၊ များလူသျှင်ရဲမက်တော်၊ ကျွဲနွားတောင်းလတ်ပါသည်၊ ပွင့်လောင်းလျာမယ့်သခင့်၊ ရခိုင်ပြည်ဝယ်၊ ဟိသည်လူမွန်းဖျင်ကို၊ စုလုံးကျင်ခေါ်သောခါ၊ သလွန်တောင်ကို၊ စီရင်အုပ်ထိန်းပါလျှက်၊ ကျွန်းအုပ်သာငရှောက်ဖွေ၊ တောင်ဖက်ကျွန်းကို၊ ထိမ်းသိမ်းစီရင်ပေ၍၊ ဖော်ရှီသည်ကျွန်းအုပ်ကား၊ ၀မ်းကြီးသာ၍၊ လျှင်စွာရောက်လာငြားတည့်။ မူဇဲကကျွန်းအုပ်သာ၊ ငကြောင်ပြိန်းတော၊ လျှင်စောရောက်ကြလာလျှက်၊ စစ်တွေမှာကောင်းစံရွှီ၊ တောင်ရင်းကျွန်းနီ၊ ပေါ်ထွန်းဝီနှင့်၊ ပြသျှေဝင်းကျွန်းနီ၏၊ ပြားကျွန်းဆီအသက်နှံ၊ ကျိန်းရှိနောက်မှာ၊ ကျွန်းအုပ်မောင်သာကြံလျှင်၊ လာကြပြန်တုံသောခါ၊ ပြည်လုံးသားသည်၊ သောသောရုရုဆာ၍၊ ဆိုက်ရောက်လာတုံပေက၊ မယ့်ချစ်မောင်သည်၊ ယင်းတွင်အားကြီးရ၏၊ လိုသမျှကျွဲနွားပေ၊ ဆန်ရီစပါး၊ ဆီပျားထောပတ်များကို၊ ယူဆောင်လာဆက်ပီးခါ၊ ---

သောသောရုရုဆာလျက်၊ ပြီးလီခါတုံကပေ၊ မောင်စံပျော်နှင့်၊ နားခံငကျက်ကေတည်း။ င၀ိုက်ကေမောင်ရဲသာ၊ လေးယောက်စုံသည်၊ ပူးတုံဖက်ကြပါလျှက်၊ ငိုကြရာတသျှုတ်သျှုတ်၊ ကြက်သိမ်းဝှန်သည်၊ လိပ်ပြာထွက်လုတ်လုတ်တည်း။ ဆစ္ဆီစုတ်မျောက်ရီငန်၊ သူငယ်သားကို၊ ဖမ်းစားသည့်ဟန်သို့၊ မျက်ဆန်သာခပြူးပြူး၊ ဆံပင်ဖားရား၊ ၀မ်းဖားဖားသည်၊ ခြီကိုကားရားပြုလျှက်၊ ဖားပြုတ်အသွင်၊ သျှမ်းအောက်သားရို့၊ ပြီးငြားကျင်သည်၊ ငွေတောင်ပေါက်ဝကလေ။ ။

ငွေတောင်ပေါက်က၊ ပြီးလားကြသည်ယင်းမှသာ၊ ဗိုလ်ချုပ်ခေါ်တွင်၊ ၀န်ငမင်သည်၊ သဲဖျားကြသိမ်းဝှန်၍၊ အကြံကိုရှာမရ၊ ပြီးလားကြသည်၊ ဘီလူးမတန်းခါးမှတည့်။ ပန်းဈီးမြောင်းကိုလွန်၊ မိုးကြိုးဂျိုင်ကို၊ စိုင်ကာလားလီပါလျှက်၊ ၀က်ချောင်းသာပယ်လွန်ငြား၊ တက်လီပါသော်၊ ချင်းရွာတောင်ခြီနားက၊ ပုန်းလျိုးငြားကုတ်ရှုတ်ကာ၊ ဗိုလ်ချုပ်ဧကန်၊ အတွင်းဝန်သည်၊ အမှန်ပြီးလီပါက၊ ရှာကြရာတသောသော၊ ဂျီဒရယ်သည်၊ ဆတ်ငယ်ကိုယ်အလားသို့၊ လမ်းစပ်ကြားခြုံထဲမှာ၊ မြို့သူကြီးကို၊ အလျှင်ဖမ်းမိပါ၏၊ သက္ကရာဇ်မှာတထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်သျှစ်ခုနှစ်က၊ တန်းခူး၏လဆန်းမှာ၊ ဆယ့်လေးရက်သည်၊ သောက်ကြာနိတွင်မှာတည်း။ တပိုဝ်ကျော်နီထွက်ဝယ်၊ ရန်ခပ်သိမ်းကို၊ ပျောက်ငြိမ်းအောင်မြင်ပေက၊ ၀မ်းသာထွေအားရကျင်၊ ဓည၀တီ၊ ရခိုင်ပြည်ကြီးတွင်၌၊ ပုရိန်ပြင်အထဲမှာ၊ မြသွင်နတ်ကို၊ ပသပူဇော်ပါလျှက်၊ ကောင်းသည့်ခါနိရက်ဝယ်၊ ရဲမက်ဗိုလ်ပါ၊ လူတကာကို၊ ယင်းမှာစုရုံးပါ၍၊ ရခိုင်ပြည်မြို့ထဲမှာ၊ ဘာသာလျှောက်၊ ပြောင်းမီးပေါက်သို့၊ ပစ်မြှောက်ပူဇော်ပါလျှက်၊ အောက်သားသာပိုင်ကာလ၊ သျှင်ဘုရင်မှာ၊ နန်းသက်ဖော်၍၊ ရွှေဂူစေတီမဟု၊ ခေါ်တွင်ထလူတကာ၊ တိုက်ဝန်မင်းသည်၊ တည်ရင်းစေတီတော်ကို၊ ဖြိုဖျက်ကာပစ်လျှက်ပေ၊ ယင်းတောင်ထိပ်မှာ၊ အိမ်ကြီးဆောက်လုပ်တည်၏၊ ကိုယ့်ပြည်ဝယ်သျှင်မင်းကြီး၊ ကောလိယရာဇာ၊ တည်လုပ်ပါသည်၊ သျှင်တော်မဟာထီးကို၊ ချိုးဖဲ့ပြီးလွှင့်ပစ်ကာ၊ စောမွန်တည်ပြု၊ မင်းဗာလုပ်သည်၊ တံတိုင်းမြို့ဝင်းတော်ကို၊ ဖြိုဖျက်ကာပစ်၍ပေ၊ သိုက်စာထွက်ကို၊ သျှမ်းအောက်သားသည်၊ လိုက်လျှင်းပြုကြသည်တည်း။ နောင်ခါဝယ်တုံပြီးမှ၊ မယ့်သက်သျှင်ကို၊ ယင်းတွင်အာဏာချလျှက်၊ ဂူရာနှင့်မြင်းစီးသာ၊ စဖာအိတ်သည်၊ နီဖို့လိုင်းအိမ်တော်ကို၊ ဆောက်လုပ်ကာပီးရမည်၊ တောင်းလတ်ပါသော်၊ လွတ်လပ်ခန့်ခွဲပေလျက်၊ ၀ါးသက်ကေကြိမ်သစ်ပင်၊ ဗဲကပ်သားနှင့်၊ လျှင်စောဆောက်လုပ်ကျင်၏။ ရာထောင်ပင်အိမ်မက၊ လုပ်ရပါသည်၊ ယင်းခါတဌာနတည်း။ ခေါ်တွင်ကြလူတကာ၊ ရာပသိန်သတ်၊ မင်းမြတ်နှုတ်ရွှေဝါနှင့်၊ ဟမြွက်ကာချလတ်သည်၊ ရမ်းပြည့်မြို့နှင့်၊ သံတွဲမာန်အောင်ဝယ်၌၊ ဟိနီသည့်အောက်သားကို၊ ဇော်နေဟုမှတ်၊ မယ်ကာရီသတ်သည်၊ လွတ်လပ်တိုက်ခီဆိုက၊ ကတ်တင်ဗိုလ်မေဇော်သတ်၊ သင်္ဘောစီးကာ၊ ချီကြပါသည်၊ မြစ်မှာစင်းချင်းစပ်မျှ၊ လွတ်လပ်သာချီလား၍၊ မာန်အောင်မြို့မှာ၊ လျှင်စောရောက်လီ၏လေ။ ။

ရောက်ကြဧကန်၊ တိုက်ကြပြန်သည်အမှန်သာ၊ ယင်းသောခါမြို့ဝန်ကား၊ ရဲစက်ကေသည်၊ ထိုဝယ်သျှမ်းအောက်သားလည်း၊ ကြောက်ဝှန်ငြားမကြံသာ၊ ကိုယ့်မယားကို၊ လက်ဖျားဆွဲကိုင်ကျင်လျှက်၊ များတကာဖော်မရ၊ နှစ်ယောက်တည်းပင်၊ တောထဲဝင်၍၊ ခြုံတွင်ပုန်းလျိုးကြလျှက်၊ တခဏနီသောခါ၊ ဇော်နော်ခေါ်မှတ်၊ မယ်ကာရီသတ်သည်၊ ၀န်းပတ်ထားလျှင်းပါ၏၊ ဖမ်းဆီးကာယူ၍ပေ၊ နှစ်ယောက်စုံကို၊ လွယ်ကူရလီသည်တည့်။ သင်္ဘောတွင်ဆောင်ပြီးခါ၊ ကုလီကတ္တာ၊ ရွှေမြို့တော်မှာ၊ လျှင်စွာပို့လီပါ၏၊ ရမ်းပြည့်မှာဝန်ပြုသူ၊ မောင်ယံကလည်း၊ အကယ်ကြားလီတုံက၊ မောင်ဗျဲမူအခွန်ဝန်၊ နှစ်ယောက်လူသည်၊ တိုင်ပင်ပြုကြပြန်၏၊ အသတ်ခံနီးသောခါ၊ ငါရို့သက်သည်၊ ဆုံးပျက်မည်ခန္ဓာတည်း။ သူရို့သာမရောက်ခင်၊ မြို့ကြီးကိုလွှတ်ကျင်လျှက်၊ ထွက်၍ပြီးကြကျင်အံ့။ ပြောတိုင်ပင်ပြုပြီးခါ၊ အောက်သားမိုက်သည်၊ ထွက်လားပြီလီပါ၏၊ သံတွဲမှာတဌာန၊ မြို့သူကြီးဟန်၊ ငပန်းစံကို၊ လျှင်မြန်ခွတ်ထစ်ကြ၏။ မြို့ဝန်ကားရွှေမန်းသာ၊ အောက်သားများသည်၊ သောသောရုရုဆာလျှက်၊ တောင်ရိုးသာစီး၍ပေ၊ ပြီးလားငြားသည်၊ အရှိနိုင်ငံပြည်သို့၊ ဖမ်းဆီးဖွေရှာမရ၊ သုံးမြို့စုံကို၊ လက်ဝယ်သိမ်းရုံးရ၏။ ပိုးလောက်မျှတကောင်ပင်၊ သျှမ်းအောက်သားကို၊ ငေါက်ငေါက်ထောင်၍မမြင်တည်း။ ရခိုင်တွင်မြို့ကြီးမှာ၊ ရာပသိမ်သတ်၊ မင်းမြတ်နှုတ်ရွှေဝါနှင့်၊ ကိုယ့်ပြည်ရွာကျွန်းများဝယ်၊ တန်သည့်သူကို၊ အရာခန့်အပ်မည်ဟု၊ ဟမြွက်ထွေဆိုပြီးခါ၊ အသီးသီးသည်၊ ကိုင်းချောင်းကျွန်းများစွာကို၊ ကျွန်းအုပ်သာချောင်းစားခန့်၊ ပရန၀ါ၊ ထိုခါပီးဆင့်အပ်၏။ နောက်တထပ်အမိန့်တော်၊ ရခိုင်သားသည်၊ အများမြို့ကျွန်းရွာ၌၊ ဟိနီကျင်လူရို့မှာ၊ အောင်ကျော်ပန်းရွှီ၊ သော်တလီကို၊ နှိုင်းယှဉ်ဖက်မဲ့သာတည်း။ ငါ့ထံမှာမြဲခစား၊ အကျိုးတော်ကို၊ ပြီးအောင်ဆောင်ရွက်ငြား၏၊ ပီကျွန်းနှင့်ယိုးကျွန်းပေ၊ ဦးရစ်တောင်လည်း၊ ယင်းတွင်ပါလီစီလော့။ ပီချောင်းဝယ်လေးမြို့သာ၊ ယိုးချောင်းနယ်လည်း၊ ထိုခါထည့်လိုက်ပါ၍၊ ကျွန်းအုပ်သာခန့်၍ပေ၊ သားစိုင်မြီးဆက်၊ မပျက်စားရလီအံ့၊ ဟမြွက်ထွီဆိုသောခါ၊ ဖွဲဒါးကြီးသည်၊ လျှင်စောရွီးတုံပါလျှက်၊ ပရန၀ါဆပ်ကြီးခတ်၊ ငါးရွက်စာကို၊ ထိုခါချက်ချင်းအပ်က၊ မယ့်သက်မှတ်ပွင့်လောင်းလျာ၊ ကျွန်းချောင်းဖျားကို၊ သိမ်းငြားပြုစုပါ၍၊ သင့်ရာရာအလုံးကို၊ ချမ်းငြိမ်းသာယာ၊ မစပါသည်၊ ကိုယ့်မှာသားရင်းပမာသို့၊ ရှိပြုကျိုးကုသိုလ်ကံ၊ မိဘရပ်မြီရခိုင်ပြည်မှာ၊ လွယ်လွယ်ရောက်လာပြန်၍၊ ပျော်စံပါးတသောသော၊ မွီးမိခင်သည်၊ နို့သျှင်ချွေးမများကို၊ မခြားဆံတမျှင်၊ နှံသည်သက်ကို၊ တရက်မကွာချင်ဘဲ၊ နွှဲပျော်ရွှင်နီကြ၏။

(ဆက်ရန်)

ဘုရားသမိုင်းအလင်္ကာ

မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် သဗ္ဗညုမြတ်စွာဘုရား ဓည၀တီ တောင်စဉ် (၇) ခုရိုင်နှင့်တကွ မြို့ကြီးဒွါရာဝတီသို့ စန္ဒသူရိယမင်းကြီး ပင့်ဖိတ်လျှောက်ထားတောင်းပန်တော်မူသောကြောင့် တိမ်ဆီကောင်းခင် ဝေဟာခွင်မှ ကြွချီတော်မူခြင်းအကြောင်း ဘုရားသမိုင်းလင်္ကာ။

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။

စန္ဒသူရိယ၊ နာမထင်လင်း၊ ပြည်သျှင်မင်း၏၊ ညွတ်စင်းကော်ရော်၊ တောင်းပန်သော်ကြောင့်၊ သုံးဘော်မျက်ရှု၊ သဗ္ဗညုလည်း၊ ၀ိသုကြုံဖန်၊ ဘုံဗိမာန်ဖြင့်၊ တိမ်ယံကောင်းခင်၊ ဝေဟာခွင်မှ၊ များဖျင်သံဃာ၊ ထေရ်ငါးရာနှင့်၊ မဟာသက္ကရာဇ်၊ တရာ့နှစ်ဆယ်၊ စွန်းဝယ်သုံးခု၊ ဥတုဂိံမှံ၊ နွီလကဆုန်၊ ပူဟုန်ပြင်းစွာ၊ ၀ိသာခါလျှင်၊ မကွာယှဉ်ထ၊ ထိုသည်လ၌၊ ဓည၀တီ၊ မြို့ဌာနီသို့၊ ကြွချီပြီးခါ၊ ပြည်ဓညာကို၊ ၀ါစာနှုတ်ထွက်၊ မိန့်မြွက်ဗျာဒိတ်၊ ပန်းတံဆိပ်ကို၊ ခပ်နှိပ်ပြီးခါ၊ မဟာမုနိ၊ တုမဟိသည်၊ နှံမ့်သိပေါ်ထင်၊ ရုပ်ရှင်တော်ကို၊ သွန်းသော်ပြီးမှ၊ များလှသံဃာ၊ အရိယာလျှင်၊ ခြံကာဝန်းရံ၊ ရထားပျံဖြင့်၊ တိမ်ယံမို့မို့၊ ကောင်းခင်သို့လျှင်၊ တက်ပြီးကျင်မှ၊ စက်ရှင်ဖြန့်မြန်း၊ ဒွါရာနန်းသို့၊ ကြွလှမ်းသောခါ၊ အဉ္စနာနဒီ၊ ခေါ်မည်တွင်လစ်၊ လေးမြို့မြစ်သို့၊ လွန်ရစ်ပြီးခါ၊ မြတ်စွာဘုန်းကြီး၊ စောထွတ်ထီးလည်း၊ မိုးသီးနတ်တောင်၊ ထိပ်လည်ကောင်၌၊ တန့်အောင်မချွတ်၊ မတ်မတ်ရပ်လျှက်၊ နီလတ်ပြီးခါ၊ လက်ယာတော်ရံ၊ သြရသံဟု၊ ထေရ်မွန်သာရိ၊ မည်ဟိသညာ၊ ပုတ္တရာကို၊ မိန့်မှာမြွက်ကြား၊ ဗျာဒိတ်ထားယင့်၊ ဘုရားသာသနာ၊ နှစ်ထောင်မှာဝယ်၊ စွန်းကယ်ငါးရာ၊ လွန်သောခါလျှင်၊ တေဇာမောက်ပြီး၊ မိုးသီးနတ်တောင်၊ ထိပ်လယ်ကောင်၌၊ မြင့်ခေါင်ဘုရား၊ ငါရုပ်ပွားကို၊ အများပြည်သူ၊ သျှင်လူရဟန်း၊ ၀မ်းပန်းတသာ၊ တည်ထားလာအံ့။

(ဒါးလက်နဒီသို့ ကြွချီတော်မူခန်း)

ဤသို့မြတ်စွာ၊ မိန့်မှာစကား၊ ဗျာဒိတ်ထားလျှက်၊ ဆက်လက်တဖန်၊ ကြွချီပြန်သော်၊ သောင်ယံကမ်းစွယ်၊ အသွယ်သွယ်ဖြင့်၊ မြစ်ငယ်ဒါးလက်၊ ထိုတောင်ထက်၌၊ ရပ်လျှက်ပြီးခါ၊ မိန့်သည်မှာကား၊ မြစ်ဒါးလက်တွင်၊ နီကျင်များစွာ၊ လူလေးဖြာရို့၊ မကွာနိည၊ မြမြမြရှင်၊ ငါ့ရုပ်သွင်ကို၊ များဖျင်သာသနာ၊ ငါးထောင်ကြာအောင်၊ တည်ကာလည်းပြု၊ ရည်သွန်းထုအံ့။ ဤသို့သုံးလု၊ မိန့်တော်ပြုလျှက်၊ ဆက်လက်တဖန်၊ လှမ်းကြွပြန်သော်၊ မြလျှံနဒီ၊ အမ်းချောင်းဆီသို့၊ ရောက်လီသောခါ၊ တောင်ထိပ်ချာဝယ်၊ ရပ်ခါတန့်တန့်၊ လက်တော်ဆန့်လျှက်၊ မိန့်ခွန်းသံသာ၊ မြွက်သည်မှာကား၊ နောင်ခါကလ၊ ငါလွန်ကသော်၊ နှစ်ရာကျော်လစ်၊ သက္ကရာဇ်သာသနာ၊ ထိုရောခါဝယ်၊ ဓမ္မာသောက၊ နာမထင်လင်း၊ တရားမင်းလည်း၊ သျှင်ရင်းမြတ်စွာ၊ သာသနာကို၊ ရှည်ကြာသော်အား၊ တည်ထားတုံဘိ၊ ဇမ္ဗုဒိမြီ၊ နှံမ့်ပါစီဟု၊ အာရုံပြုလျှက်၊ ကောင်းမှုလီလီ၊ ဓါတ်စေတီပေါင်း၊ သျှစ်သောင်းထင်ပေါ်၊ လေးထောင်ကျော်ကို၊ ပူဇော်ညွတ်ပျောင်း၊ တည်တုံလျှောင်းမှ၊ အမ်းချောင်းသာခွင်၊ တန့်တော်ပြင်၌၊ ငါလျှင်စင်စစ်၊ ကြိုးကြာဖြစ်ဖူး၊ ယင်းကျေးဇူးကြောင့်၊ လူမှုးထွတ်ထား၊ မြတ်ဘုရား၏၊ ကြောသားတော်ဖြစ်၊ ဓါတ်တော်စစ်ကို၊ တည်ဖြစ်ပြီးခါ၊ ကိုးကွယ်ရာကို၊ တန့်တင်ဆိုအံ့။ တဖြာထိုအမ်း၊ လက်ဝဲကမ်းခွင်၊ လုတ်ရပ်တွင်လည်း၊ ညွန့်ရှင်ဘုန်းလု၊ သဗ္ဗညု၏၊ ၀ှမ့်ဆုထွက်ပေါ်၊ လက်ဝဲတော်မြတ်၊ လက်လှုတ်ဓါတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာတွင်၊ လုတ်ဟုတွင်အံ့။

(မဟီရာနဒီခေါ်သော မအီချောင်းသို့ ကြွချီတော်မူခန်း)

သို့လျှင်ဘုန်းမော်၊ ဗျာဒိတ်တော်ကို၊ မိန့်ဖော်မြွက်ဟ၊ ဟောပြီးမှလျှင်၊ ယင်းကတဖန်၊ နတ်ဗိမာန်ဖြင့်၊ ဝေယံတိမ်ကြား၊ ကြွဗျာလားသော်၊ မြင့်မားထွတ်ခေါင်၊ မြင့်စောက်တောင်ထက်၊ ရပ်လျှက်ကောင်းခင်၊ နီပြီးကျင်မှ၊ ဘုန်းသျှင်သကျ၊ မြတ်ဇိနလည်း၊ မြွက်ဟသံသာ၊ နှုတ်ရွှေကြာဖြင့်၊ သာရိပုတ္တရာ၊ ထေရ်မဟာကို၊ မိန့်မှာစကား၊ ဗျာဒိတ်ထားယင့်၊ သုံးပါးနဒီ၊ မဟီအမ်းမန်း၊ ဖြစ်ထွန်းပေါ်လာ၊ မြစ်သုံးဖြာကို၊ စွဲကာခေါ်ဘိ၊ တြိနဒီ၊ တောင်ထွတ်မည်၏၊ ယင်းသည်တောင်မင်း၊ တောင်ခြီရင်း၌၊ မယွင်းနောင်ခါ၊ မဟီရာဟု၊ မြို့ငယ်တခု၊ တည်ထားပြုအံ့။ သုံးလုထွတ်ထား၊ မြတ်ဘုရား၏၊ ဘ၀များစွာ၊ နုစဉ်ခါဝယ်၊ ကုန်းမှာကားဆင်၊ ရီလျှင်နဂါး၊ ဖြစ်ဘူးငြား၍၊ ဆင်ကားဖြစ်ရာ၊ ယင်းမြို့ရွာ၌၊ မြတ်စွာဗုဒ္ဓ၊ နုတ္တရ၏၊ တေဇရောင်လျှံ၊ ၀ဲအောက်အံကို၊ ဘုန်းလျှံတောက်ထ၊ သူရိယမုခါ၊ မင်းရာဇာလည်း၊ ဒေ၀ါသိကြား၊ နတ်အများနှင့်၊ ညွတ်တွားဦးလည်၊ စေတီတည်၍၊ ကိုးကွယ်ဆည်းကပ်၊ ပြုမည်လတ်ဟု၊ လုထွတ်စိုးဖျား၊ မြတ်ဘုရားလည်း၊ ဟောကြားပြီးခါ၊ ထက်အာကာမှ၊ ဆင်းဗျာကြွလတ်၊ ဆင်နတ်နဂါး၊ ဖြစ်ငြားထိုခါ၊ ပျော်စံရာဟု၊ နာလာဂီရိ၊ တောင်ပေါ်ဟိသည့်၊ တြိသေလ၊ နာမထွန်းပြောင်၊ ကျောက်ဆောင်ဆင့်တင်၊ ပေါ်ထက်တွင်လျှင်၊ သျှင်တော်မတ်မတ်၊ ကောင်းခင်ရပ်မှ၊ တန့်ရပ်ပြီးခါ၊ နီတုံပါလျှက်၊ ရှိခါကာလ၊ ဘ၀များစွာ၊ သံသရာတွင်၊ မကွာတူကွ၊ ဖြစ်ထသောခါ၊ နာဂါဟတိ၊ စွယ်ဟိဖြူစင်၊ ဆဒ္ဒါဆင်မြတ်၊ ဖြစ်တုံလတ်၍၊ သတ်မှတ်ခင်တွယ်၊ ညီဆင်ငယ်အား၊ မြသားနဒီ၊ မြစ်မဟီ၏၊ ကမ်းဆီလက်ဝဲ၊ ကြော်ကြွေးဖိုးခေါင်၊ အညာတောင်ဟု၊ ခေါ်ဆောင်တွင်ထ၊ ရွာဂါမ၌၊ လုဒ္ဒကစစ်၊ မုဆိုးဖြစ်၍၊ တောပစ်လည်လား၊ ထွက်လီငြားသော်၊ မြိုင်ဖျားတောခွင်၊ ဘုရားသျှင်ကို၊ တွိမြင်သောခါ၊ လွန်စွာအားရ၊ ၀မ်းမြောက်လှ၍၊ ဖြူဆွသဒ္ဓါ၊ စေတနာဖြင့်၊ နံ့သာကြိုင်မွှန်း၊ မာလာပန်းကို၊ လှူဒါန်းပြီးခါ၊ ကန်တော့လာသော်၊ မြတ်စွာလုဘ၊ မုနိန္ဒလည်း၊ ဓမ္မရီအီး၊ တိုက်ကျွေးပြီးသော်၊ ရှိကဖြစ်ကြောင်း၊

(တရွက်ပျောက်)

ထွန်းလင်းသောခါ၊ သာသနာလျှင်၊ ရောင်ဝါညီညီး၊ အခေါင်နီးသော်၊ နှစ်ထောင်ကျော်၍၊ စွန်းပေါ်လေးရာ၊ နောနောမှာကား၊ ဦးသုစိတ္တသာရ၊ နာမတွင်ဆန်း၊ ထေရ်ရဟန်းသည်၊ ဖြူရွှန်းသဒ္ဓါ၊ စေတနာဖြင့်၊ သာယာရွှင်လန်း၊ မောင်အီးချမ်းနှင့်၊ ၀မ်းပန်းတသာ၊ သာသနာလျှင်၊ စည်ရာစည်ကြောင်း၊ မြစ်နဒီလေ၊ မဟီချောင်းမှာ၊ စုပေါင်းပြီးခါ၊ ကြိုးစားလာအံ့။

(လမ္ဗုနဒီဟုခေါ်သော လမုချောင်းသို့ ကြွရောက်တော်မူခန်း)

ဤသို့စကား၊ ဗျာဒိတ်ထားလျှက်၊ ဆက်လက်တဖန်၊ ချီကြွပြန်သော်၊ ၀ါလမ္ဗုတ၊ နာမတွင်လျှောင်း၊ ထိုသည်ချောင်းသို့၊ အပေါင်းသံဃာ၊ ထေရ်ငါးရာနှင့်၊ ကြွလာသောခါ၊ ရန်တောင်သာတွင်၊ မြတ်စွာမတ်မတ်၊ ရပ်တုံလတ်၍၊ မိန့်မှတ်စကား၊ ဤသို့ကြား၏၊ ချစ်သားလိမ္မာ၊ သာရိပုတ္တရာ၊ ဤတောင်မှာဝယ်၊ ရှိခါကာလ၊ ဘ၀များစွာ၊ သံသရာ၌၊ ငါလျှင်စစ်စစ်၊ ရစ်မင်းဖြစ်ဘူး၊ ယင်းကျေးဇူးကြောင့်၊ အထူးနောင်ခါ၊ ဤနီရာ၌၊ ဓည၀တီ၊ ပူရီသနင်း၊ ပြည်သျင်မင်းလျှင်၊ သျှင်ရင်းတော်မြတ်၊ ဦးဆက်ဓါတ်ကို၊ လေးမြတ်ရိုကျိုး၊ ဂူပုထိုးဟု၊ မြတ်နိုးကြည်သာ၊ တည်ထားလာအံ့။

ထိုမှတကြောင်း၊ လမ္ဗုချောင်း၏၊ ကမ်းထောင်းဝဲလက်၊ တောင်ကုန်းထက်၌၊ ငှက်မင်းရာဇာ၊ သာလိကာလျှင်၊ ထိုခါစင်စစ်၊ အမှန်ဖြစ်၏၊ ပွင့်သစ်ထင်ရှား၊ ငါဘုရား၏၊ ရင်သားတော်ဓါတ်၊ စေတီမြတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာ၏။ တဖြာတခန်း။ လက်ယာကမ်းစွယ်၊ တောင်ကုန်းငယ်၌၊ မျိုးနွယ်သက်ဆင်း၊ တောကြက်မင်းလည်း၊ ဖြစ်ခြင်းတခါ၊ ထိုနီရာတွင်၊ ဗုဒ္ဓါစောမြတ်၊ ကြောရိုးဓါတ်ကို၊ ပြည်မြတ်ဓညာ၊ မင်းရာဇာရို့၊ သဒ္ဓါယုံကြည်၊ စေတီတည်လျှက်၊ ကိုးကွယ်ဆည်းခ၊ ပူဇော်ကြအံ့။ ယင်းကတကြောင်း၊ လမ္ဗုချောင်းဖျား၊ လက်ယာနားတွင်၊ တောင်ကုန်းပြင်၌၊ ငါလျှင်စစ်စစ်၊ ဂျီမင်းဖြစ်၍၊ နှစ်ချစ်ရွှင်ပျော်၊ နီခဲ့သော်ကြောင့်၊ ထွန်းပေါ်ရောင်လျှပ်၊ ပေါင်တော်ဓါတ်ကို၊ နောင်မှတ်ကိုးစား၊ ဗိုလ်လူများရို့၊ အားထားနိုင်စွမ်း၊ မှီငြမ်းသမှု၊ တည်ထားပြုအံ့။

ထိုမှတဖန်၊ ၀ါလမ္ဗုတ၊ နာမတွင်ငြား၊ ယင်းချောင်းဖျားဝယ်၊ မြို့ငယ်တခု၊ တည်ထားပြု၍၊ ကောင်းမှုကော်ရော်၊ ရုပ်ထုတော်၌၊ ဓါတ်တော်သွင်းခါ၊ ဌာပနာလျှက်၊ မင်းရာဇာမြီး၊ ဖွားတော်ထွီးဟု၊ မည်ပီးခေါ်လျှောင်း၊ မင်းဖလောင်းလျှင်၊ သောင်းသောင်းဥသြော်၊ သာဓုခေါ်၍၊ ပူဇော်ဝတ်ပြု၊ ရုပ်ဆင်းထုကို၊ မှတ်ရှုပိုင်းခြား၊ ဘုရားကြက်ဆိုင်း၊ ဘွဲ့တော်လှိုင်းသည်၊ မှတ်ပိုင်းလမ္ဗုသမိုင်းတည်း။

(တရွက်ပျောက်)

ဖောင်တော်ကပ်ရာ၊ ယင်းဒေသာ၌၊ ဓညာပြည်မှ၊ ပင့်လာကြသည်၊ လောကမှန်ကူ၊ သယမ္ဘူ၏၊ ဆယ့်နှစ်ဆူဖြစ်၊ ဓါတ်တော်စစ်ကို၊ နွယ်မြစ်စိုင်လာ၊ မြင့်ရှည်ကြာအောင်၊ တည်ခါလုပ်မှတ်၊ ဘွဲ့တော်ထပ်သည်၊
တွင်လတ်ဖောင်တော်ဦးစေတီတည်း။

ဖောင်တော်ဦးဆီ၊ ယင်းစေတီမှ၊ တလီရှိဖက်၊ တောင်ကုန်းထက်၌၊ သိန်းငှက်ဖြစ်ဘူး၊ တောင်တော်ဦးဝယ်၊ ကျင်းတူးပြီးခါ၊ ဌာပနာလျှက်၊ မြတ်စွာသျှင်ကျော်၊ ဓါတ်မွီတော်ကို၊ ထွန်းပေါ်ဓည၊ မင်းဒသလျှင်။ လှပဆန်းကြယ်၊ စေတီတည်၍၊ ကိုးကွယ်ဆည်းခ၊ ပူဇော်ကြအံ့၊ ဌာနတည်ရာ၊ ယင်းမြို့ရွာကို၊ နောင်ခါကာလ၊ သမယ၌၊ တွင်ထမယုတ်၊ မြို့တောင်ကုတ်ဟု၊ ခေါ်စပြုသည်၊ မှတ်ရှုတောင်ဦးနဒီတည်း။

(ဒွါရာဝတီမည်သော သံတွဲမြို့တော်သို့ ကြွချီတော်မူခန်း)

ယင်းသို့စကာ၊ ဗျာဒိတ်ထားလျှက်၊ မိန်ကြားပြီးခါ၊ မြို့ဒွါရာသို့၊ တိမ်လွှာကောင်းခင်၊ ဝေဟာခွင်ဖြင့်၊ စက်ရှင်ဖြန့်မြန်း၊ ကြွဗျာလှမ်းသော်၊ ထီးနန်းအောင်ချာ၊ မြို့ဒွါရာကို၊ ၀င်ပါတုံလျှက်၊ မြို့ရှိဘက်ခွင်၊ ၀န်းကျင်ယူဇနာ၊ ထက်ဝက်ကွာတွင်၊ မြတ်စွာဘုန်းလူ၊ ရပ်တော်မူသည်၊ ပြည်သူအ၀ှမ်း ငြိမ်းချမ်းတည်း။

ငြိမ်းချမ်းကြည်ဖြူ၊ ရပ်တော်မူရာ၊ ကုန်းမြင့်သာမှ၊ ဒွါရာဝတီ၊ နောက်ရပ်ဆီသို့၊ ကြည့်လီပြီးခါ၊ မိန့်မှာစကား၊ ဤသို့ထား၏၊ ချစ်သားလိမ္မာ၊ သာရိပုတ္တရာ၊ အတီတာလျှင်၊ ရှိခါကာလ၊ ဘ၀များစွာ၊ သံသရာ၌၊ ဒွါရာဝတီ၊ ဌာနီကြငှာန်း၊ အောင်ချာနန်းကို၊ သိမ်းမြန်းစိုးစံ၊ ညီလာခံ၍၊ ကြိမ်ဖန်များစွာ၊ မင်းရာဇာလျင်၊ သတ္တ၀ါစင်စစ်၊ (--) လျှင်ဖြစ်၏၊ ထွန်းသစ်ရောင်ပေါ်၊ ဤကုန်းတော်မှ၊ နှစ်ဖော်ဥဿဘ၊ ကွာထလှမ်းထောက်၊ အနောက်မြောက်ဆောင်၊ ၀ါသုတောင်၌၊ ဘုန်းရောင်ထွန်းသစ်၊ မြွီငန်းဖြစ်ဘူး၊ ယင်းကျေးဇူးကြောင့်၊ လူမှုးမြတ်စွာ၊ ငါလွန်ခါလျှင်၊ ရောင်ဝါလျှပ်လျှပ်၊ အံတော်ဓါတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာကို၊ အံတော်ခေါ်အံ့။

တဖြာထိုမှ၊ ၀ါသုရဟု၊ နာမထွန်းပြောင်။ အံတော်တောင်မှ၊ နောက်တောင်စွမ်းမှာ၊ ယူဇနာဝက်၊ ကွာလျှက်တမူ၊ ရောဟမူတွင်၊ ငါလျှင်စင်စစ်၊ ခါမင်းဖြစ်ရာ၊ ယင်းတောင်သာတွင်၊ မြတ်စွာဘုန်းလူ၊ လွန်တော်မူသော်၊ ၀ှမ့်ဆူကျော်လတ်၊ နံရိုးဓါတ်ကို၊ လေးမြတ်ယုံကြည်၊ စေတီတည်ရာ၊ ယင်းမြို့ရွာကို၊ နံတော်ခေါ်အံ့။ ရောထဘူဋ၊ နာမခေါ်ဆောင်၊ အံတော်တောင်မှ၊ ရွှေရောင်လက်လက်၊ ရှိတောင်ဘက်၌၊ တည်လျှက်ဝီးကွာ၊ ဂါဝုတ်သာတွင်၊ မာလာသီရိ၊ ပန်းအိအိနှင့်၊ မဏိကေသ၊ နာမထွန်းပြောင်၊ ထိုသည်တောင်၌၊ ဘုန်းခေါင်တလီ၊ စာမရီတဇာစ်၊ ဧကန်ဖြစ်၍၊ သျှင်စစ်ဘုန်းလူ၊ လွန်တော်မူလျှင်၊ ဆူဆူထွတ်မြတ်၊ ဆံရှင်ဓါတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာ၏၊ မိန့်မှာစကား၊ ဤသို့ကြားပြီး၊ အဇဋာပြင်၊ ထက်ကောင်းခင်မှ၊ စက်ရှင်ဖြန့်ခါ၊ ခေတ္တရာဟု၊ သညာဆန်းကြည်၊ ရသေ့ပြည်သို့၊ ဦးတည်ဖြန့်မြန်း၊ ကြွချီလှမ်းသည်၊ တိမ်ပန်းတိမ်နီရောင်သို့တည်း။

(ဤတွင် ဘုရားသမိုင်းလင်္ကာ ပြီးပြည့်စုံ၏)

ဝေသာလီဆီမီးခွက်

ဝေသာလီဆီမီးခွက်
လင်းလက်လက်ရောင်ခြည်ဖြာ
မီးရှူးတန်းဆောင်ပါ
အမှောင်ထုကိုဖြိုခွင်းဗျာ
အလင်းရောင်ကိုပီးဆပ်လို့လာ
ဖိနှိပ်မှုအဖြစ်ဆိုးက လွတ်လပ်ဖို့ရာ
ချုပ်နှောင်မှုဘ၀ဆိုးက လွတ်မြောက်ဖို့ရာ
ဆီမီးခွက်ချေထွန်းလင်းလို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

ဒေသန္တရ လူမျိုးခြားလည်း မခွဲခြားပါ
ရခိုင်၊ ဒိုင်နက်၊ သက်၊ မြို၊ ခမီး၊ ကမာန်လည်းပါ
အောင်လံတော်တခုတည်းအောက်မှာ
တသွီးတသားတည်း လူ့အဖွဲ့စည်းကိုတည်ဆောက်ဖို့ရာ
ဆီမီးခွက်ချေထွန်းလင်းလို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

တောသူတောင်သား လယ်သူလယ်သမား
မြို့ပေါ်နီလူတန်းစား လက်လုပ်လက်စား
အလုပ်သမားလူတန်းစား ဆင်းရဲချမ်းသာမခွဲခြားပါ
အခွင့်တူတပြည်သားလုံးကောင်းစားဖို့ရာ
ဆီမီးခွက်ချေလင်းလက်လို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

စုစည်းညီညွတ်မှုရောင်ခြည်အောက်မှာ
ဝတီလေးရပ်ပေါင်းစပ်ဗျာ
ရက္ခမဏ္ဍလသရုပ်ဖော်ကာ
ဝေသာလီဆီမီးခွက် လင်းလက်လက်ရောင်စုံဖြာ
မီးရှူးတန်းဆောင်ပါ အမှောင်ထုကိုဖြိုခွင်းဗျာ
အလင်းရောင်ကိုပီးဆပ်လို့လာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂတ်စ်လ ၁၅၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။
ဤကဗျာတေးခြင်းကောင်းမှုဖြင့် ဆရာကြီးဦးသာထွန်းအား ကန်တော့လိုက်ပါ၏။ ဆရာကြီးကောင်းရာသုခတိလားပါစီ။

ဖွဲပြာကျ

လယ်ယာလယ်ကိုင်း နွားအိုတချိုင်း
ခွာသံရိုင်းရိုင်း တီတီဘားဘားကြိုင်း
နှစ်စိုင်နှစ်တိုင်း ရွှီဝါရောင်ဆိုင်း
ထွက်တိုင်းစပါး သူရို့ယူလား
ဒိုင်းကျီဆန်စပါး မြန်မာစား၏......။

စေတီအုပ်ကျိုး ကျောက်ရိုးကျောက်ကြား
ရှိဟောင်းရတနာများ တူးဖေါ်ယူလား
စိန်ဘုရား၊ မြဘုရား၊ မုနိကျန်ဘုရား
တပါးချန်မထား တမာတောကမြန်မာများ
သူများနားပန်းနန့် ၀ံ့ကြွားကြွား......။

အမြဲစိမ်းသစ်တော မြစိမ်းရောင်သစ်တော
ရိုးမတောင်ကြော ပေါက်ပွားသမျှသစ်
မြန်မာစီးပွားဖြစ် ဖြစ်ပွားသမျှစီးပွား
နိုင်ငံရပ်ခြား တင်ပို့ရောင်စား
ရိုးတောင်ကြော ကုန်းကြောရီခြောက်
သစ်တောပျောက်၏......။

ဘင်္ဂလားပင်လယ်အော် အဏ္ဏ၀ါရတနာ
ပုလဲနန့်ငါး၊ နိုင်ငံရပ်ခြားကုမ္ပဏီများလည်းပါ
မျှိုင်၊ ပုဇွန်၊ ငါးတန်းကားလည်းမကျန်ဗျာ
ကုန်စင်အောင်ခူးခြစ်လိုရှာ အဏ္ဏ၀ါရတနာဗလာနတ္ထိ......။

ကျောက်သလင်းဖြူကျောက်ခဲ
ရိုးမတောင်ကြောထဲ တဖွေးဖွေး
တရုပ်ရုပ် တသဲသဲ
ပြည်မြို့နယ်ထဲ လော်ရီကားကြီးနန့်ဆွဲ
ကုန်ချောစက်ရုံစွဲ သူရို့လက်ထဲ
ရွှီခဲ၊ မြခဲ၊ ပတ္တမြားခဲ......။

ရီနံရည်ကွက်ဓါတ်ငွေ့ထွက်
တဗြုတ်ဗြုတ် တပွက်ပွက်
ထွက်သမျှဓါတ်ငွေ့
တရုပ်၊ အိန္ဒီယာ၊ ကိုးရီးယားလည်းပါ
ရောင်းစားလီရာ နိုင်ငံတကာ
ဗီးဗီမြန်မာလက်ထဲမှာ
ရွှီခိုင်ပြည်ကြီး “ဖွဲ နန့် ပြာ”......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၇၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကါလါကတ္တား၊ အိန္ဒီယာ။

အောင်ပွဲတန်းခွန်

လယ်သူလယ်သမား လက်လုပ်လက်စား
အလုပ်သမားလူတန်းစားမကျန် ဆင်းရဲချမ်းသာမချန်
စီးပွားရေးကုန်သယ်ကြီးများ ရင်းနှီးမြှုတ်နှံနိုင်ရန်
“ငါရို့ကျောင်းသားလူငယ်များတဖန်
ရခိုင်ပြည်သူတရပ်လုံးကောင်းစားရန်
ဖြူစင်ရေနှလုံးသားနန့်အဓိဌာန်
အမျိုးသားရေးစိတ်ဓါတ်နန့် ၀ိုင်းဝန်းစုကြံ
ငါရို့၏အောင်ပွဲတန်းခွန် မိုးသားတိမ်တိုက်ထိလွှင့်ပျံ”။

ဗုဒ္ဓ၊ ခရစ်ယာန်
ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို၊ ခမီး၊ ကမာန်
အောင်လံတော်တခုတည်းအောက်
တသွီးတသားတည်း လူ့အဖွဲ့ကိုတည်ဆောက်
စက်မှုလက်မှု သိပ္ပံပညာထွန်းတောက်
သမိုင်းဝိဇ္ဇာ၊ ကွန်ပျူတာ၊ ဆီးဝါးအတတ်ပညာ
ဆောက်လုပ်ရေးအိန္ဂျီနီယာ၊ ဆက်သွယ်ရေးနည်းပညာသို့အရောက်
ခေတ်မှီတိုးတက်တေ ရခိုင်ပြည်ကြီးကိုတည်ဆောက်
တိုင်းတပါးရို့ဝင်ရောက်နှောက်ယှက်ရန်
သုံးထပ်ရံကာကွယ်ရေးတပ်မတော်နန့် ၀ိုင်းဝန်းခုခံ
“ငါရို့ကျောင်းသားလူငယ်များတဖန်
ရခိုင်ပြည်သူတရပ်လုံးသာယာအီးချမ်းရန်
ဖြူစင်ရေနှလုံးသားနန့်အဓိဌာန်
အမျိုးသားစိတ်ဓါတ်နန့် ၀ိုင်းဝန်းစုကြံ
ငါရို့၏အောင်ပွဲ့တန်းခွန် မိုးသားတိမ်တိုက်ထိလွှင့်ပျံ”။.........။

“အို.......အို.......အို.......
ငါရို့ကျောင်းသားလူငယ်များတဖန်
ရခိုင်ပြည်သူတရပ်လုံကောင်းစားရန်
ဖြူစင်ရေနှလုံးသားနန့်အဓိဌာန်
အမျိုးသားရေးစိတ်ဓါတ်နန့် ၀ိုင်းဝန်းစုကြံ
ငါရို့၏အောင်ပွဲတန်းခွန် မိုးသားတိမ်တိုက်ထိလွှင့်ပျံ”။.........။

ခိုင်မြသိန်း (ချောင်းသာကြီး)
မေလ ၁၁၊ ၂၀၀၆၊
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

ထလောရခိုင်

ဥသြရီသောက်
မုနိပျောက်
စည်ပေါက်ထီကျိုး
မျက်ရည်မိုး။......။

ဖေါင်ပျက်ရခိုင်
ဆည်မနိုင်
ကစိုင်ကရောက်
လမ်းစပျောက်။......။

အယင်ရခိုင်
စည်တော်မြိုင်
တုပြိုင်စံယှား
တိုင်းတပါး။......။

ပင်မြင့်သဇင်
နန်းတော်ဝင်
ရွှီစင်ပန်းခက်
မျိုးမပျက်။......။

ငှက်မျိုးဘုရင်
လင်းယုန်သျှင်
မြီပြင်မသက်
ဝီဟင်ထက်။......။

ကျော်ဝင်းချေ (ချောင်းသာကြီး)
၂၉၊ ၁၊ ၁၉၉၃
နယူးဒေလီ၊ အိန္ဒီယာ။

Monday, June 22, 2009

သဂြိုဟ်ခြင်း

လေးဟပ်စပ်
ပျိုင်ချပ်တေတ္တာနန့်
ပိတ်ဖြူဟပ်ချုပ်
ငါကို မြီမြှုတ်လိုက်ကတ်တေ

ကျော်ဝင်းချေ (ချောင်းသာကြီး)
၀၉၊ ၀၉၊ ၁၉၉၉။

ညကစစ်သားသုံးယောက်

က မြန်မာစစ်သားသုံးယောက်
ရွာထဲရောက်လာပြီးကေ
ဝက်တောင်း ကြက်တောင်း ခွီးတောင်း
အရက်လည်းတောင်း သောက်ကြူးကတ်တေ --။

နီဝင်ကေ သူသောက်ကြူးရို့
(လက်နက်အားကိုးနန့်)
တယောက်မကျန် မိမ္မချေရို့ကို
မီးပုံဖေါ်လို့ ကခိုင်းရေ --။

ညဥ့်နက်လာကေ
(လူအရိုင်းရို့)
ညီအစ်ကို မောင်နှမကိုလည်းမမှု
အားဓမ္မပြုကျင့်ကတ်တေ --။

ညက မြန်မာစစ်သားသုံးယောက်
ရွာထဲရောက်လာပြီးကေ
အဘာကို (စခန်းတခေါက်လိုက်ခဲ့ပါ) လို့
ခေါ်လားခစွာ
နောက်တရက်မှာ
လက်ပြန်ကြိုးတုတ်
မျက်နှာလည်းချုပ်လို့
ရွာဦးက ဇရပ်ရှိမှာကျားထိုးသတ်လိုက်ကတ်တေ --။

မောင်ကြီးသျှင်ကိုလည်း ပေါ်တာဆွဲလို့
ချောင်းဖျားခေါ်လားခစွာ
တခါလည်း ပေါ်မလာလီဗျာယ် --။

ကျော်ဝင်းချေ (ပေါက်တော-ချောင်းသာကြီး)
January 1995


လမ်းမှန်သို့

အားမဟိသူအတွက်
ကလောင်ကညူကလီယက်
စိမ့်ထွက်လာရေမှင်စက် ငါ့စာပီလက်နက်၊
ကိုလိုနီဖျက်သိမ်းရေးအတွက် ကမ္ဘာ့ခုံယုန်းထက်
စွဲချက်တင်နိုင်ကေ တမျိုးသားလုံးထွက်ရပ်ရောက်မည်
လွတ်စီဆိုရေမှင်စက် ယိုထွက်စီရမည်၊
သမိုင်းမှန်ရာဖော်ထုတ်ကေ
ရခိုင်ပြည်တနိ မုက္ချလွတ်မြောက်မည် --။

ဇွဲလုံးလအားမာန်နန့်
ကမ္ဘာ့ရီစီးကြောင်းကိုကျအောင်ဆွဲချ
ထဝေမိတ်ဆွေ လက်တွဲညီကတ်မည်၊
ငိုက်မနီကဲ့
မင်းနဖူးကချွေးတစက်
ငါ့နှလုံးသွီးနန့်ရောစပ်
ရခိုင်ပြည်လွတ်လပ်ရေးအတွက်
စံဝင်စင်ထက်တင်ကတ်မည်
ဟန်ချက်ညီကေ ဆုံချက်ညီရေ
ရခိုင်ပြည်ကြီးလုံးဝလွတ်လပ်ရမည်
မြီကြီးလက်ခတ်မလွဲကျိန်းသီ သေချာရေ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
အေပြီလ ၂၄ ရက်၊ ၂၀၀၅
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မျက်ကွင်းကျယ်

နယ်ကျွံနီသောစက္စုအာရုံ
လောကီဝတ်စုံဝတ် မချွတ်တမ်းဘုတ်ဖနပ်တရံ
ကြမ်းပိုးနံ့တနံနံ ခွာပဲ့ အနားပြန် နှခွမ်းလန်
(Secularism) လုပ်ကြံတရားလာဟော၊

အို... ဇတ်ပျက်မင်းသား
မျက်ဆံကျယ်ငါး
အနောက်ဘင်္ဂလားက
စွယ်သျှင်ငမန်း
ဂေါင်းတုံးငမန်း
တောကျွမ်းမုသား
ပြုစားလှည့်စား မာယာများ
သင်အား စားလိမ္မည်သတိထား --။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁၄ ရက်၊ ၂၀၀၃
ဘင်္ဂလားဒဲခ်ျ့ နိုင်ငံ AASYC ယုံး၌ရွီးစပ်ခြင်းဖြစ်ပါ၏။

ရက္ခမာန

လောကနီဝန်း
ရိုးမမှာထွန်းလင်းတောက်ပ
မျိုးမာန်မာန ဇွဲလုံးလ၀ိရိယ
မလျှော့ကြိုးကြံ စိတ်ထက်သန်ကေ
အမှန်ရမည် ရခိုင်ပြည် --။

လွတ်မည်ဒုက္ခ ကျွန်ဘဝ
စုကြရုံးကြ ကြိုးစားကြလျှင်
ဤတွင်သာဓက အဖရခိုင်ပြည်
ပြန်ထပ်တည် --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင်လ ၃ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

အားမွီးခြင်း

တိမ်တိုက်မိုးသားကောင်းခင်
ချိန်ကိုက်လှိုင်းဂယက်ရင်ခွင်
သမုဒ္ဒရသွီးသောင်ပြင်ထက်
တခန်းရပ်ဇနက္ကဇာတ်စင်
သွီးမုန်တိုင်းဆင် --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျွန်လ ၆ ရက်၊ ၂၀၀၄
အန္ဒမာန်ကျွန်း၌ကျဆုံးလားခရသော ဗိုလ်ရာဇာနှင့်တိုက်ပွဲဝင်သူရဲကောင်းရို့အား အေကဗျာဖြင့်ဂုဏ်ပြုလိုက်ပါသည်။

ရိုးဆွီးမြာတိုင် ဧရာမခိုင်

ရခိုင်ဂေါင်းတုံး၊ ဗမာသုံး မျိုးပြုံးအောင်ကြံ၊ ပေါင်းဖျက်တရားခံ၊
လိုက်လံစီးစစ်၊ ရှိကြောင်းနောက်ဖြစ်၊ သူတပါးအကြိုက်၊
ဖြစ်ရတဖန်၊ ကျောင်းကန်သိမ်ပုထိုး၊ စေတီအုပ်ကျိုး၊
ကျောက်ရိုးမကျန်၊ လက်ညှိုးညွှန်သည်။

ညွှန်သည်လက်ညှိုး၊ ထိုးသည်မလွဲ၊ ခွဲစိတ်တူးရှာ၊
ကျောက်မျက်ရတနာ၊ မြပဒေသာ၊ စိန်ပဒေသာ၊
ရတနာကိုးပါး၊ သွမ်းလုပ်ထား၊ မြတ်စွာဘုရား၊
ကိုယ်တော်ပွား၊ တပါးမဖိတ်မချန်၊ ယူကြပြန်သည်။

ယူလီမငြား၊ ဗမာစစ်သား၊ နိုင်ငံရပ်ခြား၊ လက်လီလက်ကြား၊
ရောင်းစားဈီးစုံ၊ မျိုးဂုဏ်သက်သွီး၊ ဖျက်ဆီးထိုခါ၊ မျိုးလက်ရာ၊
လက်ရာမျိုးရိုး၊ တစိုးမကျန်၊ မျိုးမာန်စိတ်ကျိုး၊ မြာတိုင်ရိုးဆွီး၊
ဖာထီးမရ၊ ပုလုတ်ကျသည်။

ကျသည်ပုလုတ်၊ သွီးစုပ်ဖောက်ပြန်၊ ပြားတန်ဆယ်တန်၊
ရာတန်ထောင်တန်၊ ထောက်လှမ်းလုပ်ကြံ၊ စားခွက်ကြွင်းကျန်၊
လျှာရည်သိမ်းပြန်၊ ရိုးကြွင်းကျန်ကိုက်၊ ခိုက်ရန်သူဖြစ်၊ တဂစ်ဂစ်၊
သျှစ်ရပ်မျက်နှာ၊ နီစရာဇကာ၊ ခြံကာမဟိ၊ ကြောက်စိတ်စိမ့်ဝင်၊
သန်ဖက်သဘင်၊ ပွဲကြီးဆင်သည်။

ဆင်သည်ပွဲကြီး၊ နဂါးစီးလျက်၊ တုတ်ဓါးသံလျှက်၊
လူသတ်လက်နက်စုံ၊ ကတ္တားအဖုံဖုံ၊ ရိုးတောင်ကျော်ခုန်၊
ကြံစုံမျိုးမစစ်၊ ဖမချစ်သား၊ သားစိမ်းငါးစိမ်းစား၊
ကြီးထွားဖုတ်ကောင်၊ သွားစွယ်ထောင်၊ သရဲသဆီမျှောင်၊
နတ်သျှောင်ဂေါင်းစွပ်၊ ချွတ်မကျွတ်၊ မကျွတ်ထိုခါ၊
မှော်တတ်ဆရာ၊ နတ်ကောင်းဆရာ၊ ဗုံမပါ-နှဲမပါ၊
ကျီးဖြူရွာမှာ၊ အုံ....ဖွ..သုံးခါ၊ မာန်းမှုတ်ရာ၊
သူဆက်လေးခါ၊ မတတ်သာ၊ လင်းပြာဖုတ်ကြီး၊
ဓါးကြီးထမ်းလျက်၊ အိမ်ဦးထွက်၊ ခြံပျက်မဏ္ဍိုင်၊ ဧရာမခိုင်၊
ရခိုင်မှန်သား၊ ပြီးလွှားထိုခါ၊ တောတွင်းမှာ၊ ကြံရာမတတ်၊
သွားပုတ်လီလွှတ်၊ ချင်းချင်းသတ်သီ၊ ဇာတိမျိုးကြီ၊
စည်းဖောင်ပျက်သည်။

ပျက်သည်ဖောင်စည်း၊ နိုင်ငံရေးမုန်တိုင်းထဲ၌၊ လူးနစ်မွန်းမြုတ်၊
သူ့ကိုသူသမုတ်၊ ငါရာအဟုတ်၊ အမှန်လုပ်ပြ၊ ကျီးပုတ်ကုလားကျ၊
ပြုပြမိတ်ဆွေ၊ စစ်တကောင်းနယ်သား၊ ဘင်္ဂလီကုလားအား၊
ရောင်းစားပထ၀ီ၊ ညက်ညက်ကြီ၊ လွှတ်လီသွားပုတ်၊
အံ့ဖွယ်လူယုတ်၊ သမုတ်ပြည်သူ၊ ကျွက်ကျွက်ဆူ၊
လူသူမကြိုက်၊ ဖဲ့ပစ်တိုင်ပြည်၊ သူကြံစဉ်၊ တိုင်းပြည်ရေးထက်၊
ဝမ်းရေးခက်၊ ကိုယ်ကောင်းစားကျက်၊ သူ့တွက်သူကြံ၊
ကြွင်းကျန်လူမိုက်၊ ခိုက်ရန်သူဖြစ်၊ အပြစ်လုပ်ကြံ၊ ခွဲထွက်ပြန်လည်၊
ပြန်လည်ခွဲထွက်၊ သွီးစက်စိမ့်ယို၊ ထိုမျှလက်နက်၊
လုယက်ထွက်ခွာ၊ ကြံခါတသက်၊ ပျက်တချက်၊
“အို...သူသက်မချစ်၊ မျိုးချစ်ရာဇာ၊ အန္တမာန်-နီကိုဘာ၊
ကျွန်းသာသွီးသောင်ပြင်၊ သမိုင်းတွင်ကျန်၊” လူဖျင်းဖျက်ဉာဏ်၊
လိုက်လံစီစစ်၊ နောက်ကြောင်းရှိဖြစ်၊ ရွီးထုတ်ပစ်ရမည်။

ပစ်မည်ရွီးထုတ်၊ တသုတ်မကျန်၊ ဆန်ခါကြွင်းချန်၊
လူမှန်မျိုးချစ်၊ နွံမနစ်အောင်၊ နောင်လာနောင်သား၊
မှတ်လောဤစာ၊ သင်ခန်းစာတည်း။.....။..........။

ကောဇာသက္ကရာစ် (၂၀၀၄) ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နိ၊ အိန္ဒီယာနိုင်ငံ
ကာလကတ္တား ဒေါင်ဒေါင်ဆန္တာထေင်းတွင်း၌ ဤကဗျာရတုအား
ရွီးစပ်၍ပြီးစီးပါ၏။ ဘုရား၊ တရား၊ သင်္ဃာ လက်ဆယ်ဖြာထိပ်မှာမိုး၍
ရခိုင်ပြည်သူအပေါင်း ကောင်းကြောင်းမင်္ဂလာ အောင်ကြောင်းဖြာစီသတည်း။
ခိုင်မြသိန်း (ချောင်းသာကြီး)

ပြည်သူ့ဆန္ဒ

ဆလိမ်သားထင်း လုံးတိထမင်း
မိုဟင်းရွက်ပြင်း အိုးတွင်းရည်ပြုတ်
ငပိဖုတ် ငရုပ်ကြိတ်တခွက်
သူရို့အတွက် အသက်ဆက်စရာ
နတ္ထိဗလာ နောင်ရေးကမ္ဘာ
မွဲပြာဆင်းရဲ ငရဲတွင်းကျ
ဘ၀နင်းပြား ကျမန့်ကောင်းသား --။

ဖိစီးလာရေသောက ဒေါသကဖြိုမရ
ပြည်သူ့ဆန္ဒ တချက်ဦးဆောင်လမ်းပြ
လိုက်မည်နောက်က --။

ကျွန်ဘ၀ကို မီးလျှို့သင်းဂြိုလ်
မြင့်မှိုရ်ရိုးမ တိုင်းဓည
မုတ်ချလွတ်မြောက်ရလိမ္မည် --။


ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မင်္ဂလာ

ငါ့လက်က
သဇင်ပန်းတခက်
ရခိုင်သူမချေဆံထုံးထက်ပန်မှ
ကျက်သရည်ဂုဏ်ထွက်
မျိုးဂုဏ်တက်တေ
ဟံစွလေ။

ခိုင်မြသိန်း (ချောင်းသာကြီး)
မေလ ၃၁၊ ၂၀၀၄
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာာကတ္တား၊ အိန္ဒိယာ။

မင်္ဂလာပါ

မင်္ဂလာပါ မိုးထက်စောစောအချိန်ခါ
ဘုရားတရားမြတ်သင်္ဃာ မိဘဆရာရတနာ
လက်အုပ်ချီဗျာ ကန်တော့ပါ --။

ညီတူညီညာ ၀တ်ဆင်ကာ
ကျောင်းသင်ခန်းစာ စာပညာ
တတ်အောင်ကျွမ်းအောင် သင်ယူပါ --။

သားကောင်းသမီးကောင်း ရတနာ
နိုင်ငံတေးကို သီဆိုဗျာ
အောင်လံတော်ကို ထမ်းချီပါ --။

ကျက်သရည်ဂုဏ် အဖြာဖြာ
ရက်မြတ်ချိန်ခါ မင်္ဂလာပါ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင်လ ၃ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

We Want Democracy

In the office
Generals busied with seizing power.
Posting soldier in line with full of equipment,
Pointing the guns to be ready,
While people and soldier were in tug-of-war,
General spit the order out "Fire"
Warrior soldier fired into large crowd,
Branches of Olive fall down,
Doves slump down on streaming blood,
The ownerless school bags sprawling on streets,
Tumbling exercise books were swirling in rosy stream.
Innyar lake's bridge be memorised to be 'Red Bridge'
But immortal slumbering souls snoring with
"Tyranny, Tyranny" Down, Down!"
"Military rule" "Down, Down!"
"We want!" "Democracy!"
"We want!" "Democracy!"

Thousands of student were forced to leave
Their beloved class-mates,
Schools, schools' compounds, universities, universities' compounds,
compelled to be rebel in jungles
Again to restore the democracy and human rights
Which are the whole citizens alike.
In people's desire they sacrificed their lives.

From the nests,
Mothers with eternal ambitions,
Still hoping for their nestling come back,
Eventhough the information are neglect,
No messages, no letters post back,
In fulfilling for their sacrificed friends' desires,
Nestlings are struggling and marching in the wars,
With sometime home-sick, sometime school-sick,
The love of parents sometime they miss.

The heavy troops of military regime
Have been locating in all ethnic regions
To defeat all activities of self-determination,
Democracy, Human Rights,
With using the ideas of demoralize and terrorise
In the civil war zone,
It is the military junta's wont
Since the 1988 nation-wide democracy uprising
In which conflict the blood of civil
Has endlessly been leaking and oozing.

While mother democracy in cordon cell
Sick with malaria in a corner of Ain Sein Jail
The children in Burma
suffering with HIV+AIDS ill,
The rest with arid souls
Being forced to be labour roles.
The rosy roses on infertile soil
Being pushed to be molls.

The gaols with full of prisoners
Be the students' and politicians' centres,
And captives are peaceful demonstrators,
Non-violent-lovers and freedom-fighters.

The schools with empty chairs
Be the heavens of doves' souls-
Which are flying on high than the higher.

The soldier with licences to rape,
Are marching on the wars,
Rape the ladies and girls,
Gangsters and detectors in bars
Spying the people's sounds,
No suspects found,
But drinking and dancing with
Engaging-waitresses-school-ages-around.

The country is,
With popular cocaine and heroin business,
Ailing with HIV and AIDS,
Become the world poorest.
But generals in dictatorship to dictatorship
Has been seizing power longer than the longest.

Thousands of young man, lady and girl,
Have been leaving their homes,
Enter Thailand and work in motel, restaurants, bars,
Some are the sex-dealers, some are man-sellers,
Some are cocaine and heroin carriers, become drug users,
Some are factory workers, tailors, sailors, sea-fishers
And most of ladies and girls are sex-workers
Carrying HIV and AIDS booms
Come back to their homes.

The army,
With using the chauvinistic strategies,
Has been driving the aborigines out to be
Thousands of hundreds of homeless refugees.
Lifting, marauding, looting the civil properties,
Refugees are suffering with malaria, typhoid, cholera,
Dengue, ill and dying outside of their land's boundaries.

From one of Keren Refugee camps
A school girl said "I miss my village.
I wanna go home and live in peace"


Khine Mra Thein (Choung Tha Gree)
6. November 2006
Dum Dum Central Jail, Kolkatta, India.

Sunday, June 21, 2009

The year 2004

The year 2004
polished our souls
And made many roles.

Converging at the convention
First, second and third front leaders
Shall be spelled in "Reunification".

For you and for me
That is the hopeful light
To break off the dark night,
Shall be so bright
Rising on the to of Roma Mount.
An That shall guide
The languishing people' future lives,
Carrying to the freedom-light.

The four Wadhi, Htoung and Tai
We combined, become one solidify.
Jealous, envious, blaming, mud-sliging
An vilifying each other, we had destroyed.

Rakhine, Khami, Mro, Dynart and Thart
We live together in a fraternity
And become an integrity
In the name of patriotism
We sacrifice in national solidarity.
That is our superiority.

In the name of national-minded
We stand in unity.
That is our national dignaty.

We need what?
Suprem power? Absolute power?
Complate power? Unlimtted power?
These all be in the hands of "Ours".

Khine Mra Thein (Choung Tha Gree)
6. 6. 2004
Dum Dum Central Jail, Kolkatta, India.

Try My People, Try

Risk my Roma, risk!
Rise up my nation, rise up!
Rise up for yourself is
Risking for your people!

Struggle my [people!
Vigilant my country, vigilant!
Vigilant for yourself is
Struggling for your right
And that is your national pride!

Try my people, try!
Cry my country, cry!
Crying for yourself is
Trying for your freedom and liberty
Independent and democracy!

Khine Mra Thein (Coung Tha Gree)
16 January 2006
Dum Dum Central Jail, Kolkatta, India

Anopheles Indo-China

Mosquitoes of South Korea factory smelled on,
Discovered the brown swollen veins,
Furthered to root of blood-vessel (heart):
Drooling jogging on,
Drilled and stuck into my heart,
I shuddered, guzzling the blood on,
Released it through lengthy steel-pipes
From the very base to the very top.

Just between the two customers-
Anopheles Indo-China
A general with bloody blotch uniform
Blownly announced the world richest gas-field was found
On Arakan coast around.

Sucking elephant drinking dragon
Are competing in gas business fields,
Along the Arakan coast, advancing Navy base,
On the top of Roma Mount, imputing radar station and air forces,
Lifting natural resources energies from the region-
By supporting and supplying arms to military regime,
Cheering indefinited seizing dictators
To genocide people in ethnical war game.

Joined your hands and killed the six leaders
Who are the Arakanese freedom fighters
Accused the remaining 32 followers As to be gun-runners,
And jailed the in the island of Andamman+Nicober.

A net-operation
Copedly caught the two refugees
Who are holding stay permit and refugee certificates,
Who are democratic activists.
Arrested them in Dum Dum Central Jail
And banished them-(the gas-pipe-line-campaigners)
After almost four years in case trail
Who are the original gas field owners.


Khine Mra Thein (Choung Tha Gree)
9 Febaury 2007
Dum Dum Central Jail, Kolkatta, India.