Tuesday, June 23, 2009

ဝေသာလီဆီမီးခွက်

ဝေသာလီဆီမီးခွက်
လင်းလက်လက်ရောင်ခြည်ဖြာ
မီးရှူးတန်းဆောင်ပါ
အမှောင်ထုကိုဖြိုခွင်းဗျာ
အလင်းရောင်ကိုပီးဆပ်လို့လာ
ဖိနှိပ်မှုအဖြစ်ဆိုးက လွတ်လပ်ဖို့ရာ
ချုပ်နှောင်မှုဘ၀ဆိုးက လွတ်မြောက်ဖို့ရာ
ဆီမီးခွက်ချေထွန်းလင်းလို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

ဒေသန္တရ လူမျိုးခြားလည်း မခွဲခြားပါ
ရခိုင်၊ ဒိုင်နက်၊ သက်၊ မြို၊ ခမီး၊ ကမာန်လည်းပါ
အောင်လံတော်တခုတည်းအောက်မှာ
တသွီးတသားတည်း လူ့အဖွဲ့စည်းကိုတည်ဆောက်ဖို့ရာ
ဆီမီးခွက်ချေထွန်းလင်းလို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

တောသူတောင်သား လယ်သူလယ်သမား
မြို့ပေါ်နီလူတန်းစား လက်လုပ်လက်စား
အလုပ်သမားလူတန်းစား ဆင်းရဲချမ်းသာမခွဲခြားပါ
အခွင့်တူတပြည်သားလုံးကောင်းစားဖို့ရာ
ဆီမီးခွက်ချေလင်းလက်လို့ချီလာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

စုစည်းညီညွတ်မှုရောင်ခြည်အောက်မှာ
ဝတီလေးရပ်ပေါင်းစပ်ဗျာ
ရက္ခမဏ္ဍလသရုပ်ဖော်ကာ
ဝေသာလီဆီမီးခွက် လင်းလက်လက်ရောင်စုံဖြာ
မီးရှူးတန်းဆောင်ပါ အမှောင်ထုကိုဖြိုခွင်းဗျာ
အလင်းရောင်ကိုပီးဆပ်လို့လာ
ဆီမီးခွက် ဆီမီးခွက် ဆီမီးခွက် မင်္ဂလာပါ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂတ်စ်လ ၁၅၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။
ဤကဗျာတေးခြင်းကောင်းမှုဖြင့် ဆရာကြီးဦးသာထွန်းအား ကန်တော့လိုက်ပါ၏။ ဆရာကြီးကောင်းရာသုခတိလားပါစီ။

No comments:

Post a Comment