Sunday, June 28, 2009

ကာလရထား

ကာလရထား

ပြက္ခဒိန်ရထား
တန်းစီလို့ ၀င်လာရေကား
ထွား…တန်းစီလို့ ထွက်လားခရေ
(၁၂) လ စက်ခွင် ရာသီသျှင်လေ
မိခင်ရင်သား တနှစ်သားကို
နို့တိုက်လို့ ကျန်လိုက်ယင့်......။

ဆယ်စုနှစ်ရထား
တန်းစီလို့ရာ ၀င်လာရေကား
ထွား...တန်းစီလို့ရာ ထွက်လားခကတ်တေ
ဆယ်စုနှစ်စက်ခွင် ရာသီသျှင်လေ
မိခင်ရင်သား ဆယ်နှစ်သားကို
နို့မဖြုတ်သိမ့်......။

ကြည့်နီယင်း ကြည့်နီယင်း
ရာစုနှစ်ရထား
တန်းစီလို့ ပြီးဝင် ၀င်လာရေ
ထွား...တန်းစီလို့ ပြီးထွက် ထွက်လားခရေ
ရာစုနှစ်စက်ခွင် သက္ကရာဇ်သျှင်လေ
မိခင်ရင်သား နှစ်တရာသားကို
ပေါက်ဖက်မှာတင်ပြုံးရယ်ရွှင်
သားလှမိခင်နို့ရည်သျှင်လေ
ယိုင်းယင်လွှဲဗျာ သာခြင်းသာ
အရွဲ့ကျူးဗျာ ကျန်လိုက်ယင့်......။

အို...နှစ်တရာနန့်မကျီ
“နှစ်” နှစ်ရာကျော်ရထား
တိတ်တိတ်ချေ ခိုးဝင်လာရေ...ထွား
ကြည့်ဇမ်ချက်
တိတ်တိတ်ချေ ခိုးထွက်လားခရေ...ထွား
သားလှမိခင် ရာစုသျှင်လေ
တုံးလုံးတုံးကျင် ဒိုးထွင်ဂျင်ပေါက် အရွယ်ရောက်ကို
ဇမ်း၊ ယီးယိုင်သာခြင်း တခုချင်းစီကျူးပြလီ
ရတုရကန် မျိုးမာန်စိတ်တက် ဖော်ကျူးပြလျှက်
အရွဲ့ကဗျာအလင်္ကာ စာစီစာကုံးအစအဆုံး
တလုံးမကျန် သင်ကြားပြန်လည်
ပြန်လည်သင်ကြား သမိုင်းရုပ်ကြွင်းစာမျက်နှာများ
တရွက်ချန်မထား၊
(၂၁) ရာစုရထား ပြန်ထွက်မလားခင်
သင်ခန်းစာကုန်စင် ကျောင်းခန်းဝင်လို့ပြီးလိမ္မည်......။

နှစ် (၂၀၀) ကျော် ရသည့်သင်ခန်းစာ
သူ့အတွက်နည်းပညာ သူ့အတွေးအခေါ်
စွန့်စား...၀ါသနာ
ဝံ့စား...အနစ်နာ
ပြုစား...စေတနာ
ဝါသနာအလျှောက် ဗီဇမြှောက်လျှင်
ရိုးမတခွင် သူသာအသျှင်
ကြံလျှင်မလွတ်
ခူးဆွတ်အောင်ပွဲ တိုင်းပြည်လွတ်လပ်ရေး......။

လွတ်လပ်တိုင်းပြည် ပြန်ထပ်တည်
သားချေယာက်ျား ရိုးမရထား
ကောင်းကျိုများ၏......။......။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင် ၁၉၊ ၂၀၀၆။
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

No comments:

Post a Comment