Saturday, March 1, 2014

ဘာဘာနောက်ဆုံးစကား

ရခိုင်ပြည်မှာ
ပညာရေးမကောင်း
ကျန်းမာရေးမကောင်း
လူမှု့ရေးမကောင်း
စီးပွားရေးမကောင်း
လုံခြုံရေးမကောင်း
လမ်းပန်းဆက်သွယ်ရေးမကောင်း
မကောင်းစွာတိကိုကျဲ အကြောင်းပြပြီးကေ
ရန်ကုန်ကိုထွက်လားကတ်တေ....မင်းရို့

ဓါးပြင်ဆိုးတလက်နန့်
အိမ်နောက်ဖက်ကို စောင်နီရေ...ငါ
ဘာဘာသီကေ အမျိုးလည့်တုံး၊ မြီလည့်ဆုံးယာလို့
မှတ်လီကတ်.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၂၊ ၂၀၁၄
Glada Hudik

No comments:

Post a Comment