Thursday, April 24, 2014

မျက်စောင်းတချက်ချေထိုးကြည့်ခကေ

ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာပြုလို့
TV မင်းသားဖြစ်ဖို့က
သင်္ကြန်းစည်းရဟန်ဝင်
အာဏာသျှင် အာဏာပိုင်တိနန့်လေ့ မပေါင်းဖူးခ....။

သာသနသူရဲကောင်း ရဟန္တာလောင်းဖြစ်ဖို့က
စည်တီပုထိုးကျောက်ရိုးနန်းတော်
အမျိုးသားလက္ခဏာတိကိုလေ့ မဖေါက်ထွင်းဖူးခ.....။

နိမ္ဗ္ဗာန်လမ်းမှာ
ဂေါဘဂဘုရားဒကာဖြစ်ဖို့က
သူတပါးစိမ့်ဇိမ်ကို ဓါးမြလေ့ မတိုက်ဖူးခ.......။

ဝါရင့်နိုင်ငံရေးသမားလို့
ကဗည်းတပ်အခေါ်ခံရဖို့က
အညံ့ခံဒူးထောက်လက်နက်ချ
အခေါက်ခေါက်အခါခါ အမှောင်လေ့ မ၀င်ဖူးခ.....။

ဖဲသာထုပ်ပိုက်လို့ မျိုးချစ်ပြနိုင်ဖို့က
အာဏာပိုင်နန့်ပေါင်းလို့လေ့ ဓနဥစ္စာ မရှာနိုင်ခ..........။

ဘွဲလက်မှတ်ကိုင်လို့ မျိုးချစ်ရဖို့က
ကျောင်းတက်ဖို့လေ့ အခွင့်ရေး မရခ......။

စာပီသူရဲကောင်းလို့ အပြောခံရဖို့က
ဗမာမြန်မာစာလေ့ မရွီးတတ်ခ.........။

ပေါ်လာရေလောင်းကို တက်စီးဖို့က
မြစ်လယ်ကောင်မှာ ကျောက်ချလို့......။

လပ်တေထိုင်ခုန်ကို အရှက်မဟိ ၀င်ထိုင်ဖို့က
ပီယ၀ါစာ ချစ်ဖွယ်သောစကားကို လိမ်ပြောဖို့က မတတ်ခ...။

တော်လှန်ရေးကာလမှာ
အောက်ခြီခံလူတန်းစားတိ ဘ၀မဟိဘဲ
အောက်ခြီခံအုပ်မြစ်ဘ၀က
လှဲလျှောင်းလမ်းခြင်းပီးခကေလေ့

တိုင်းပြည်တပြည် လူမျိုးတမျိုးကို
ပြန်လည်တည်ဆောက်ရာမှာ
ပညာတတ်နန့် ဥစ္စဓန ချမ်းသာရေလူတိက အဓိကပါဝင်လာမှ
တိုးတက်ဖို့ဆိုစွာကို နားလည်နိုင်စွမ်း ဟိတတ်တေလူတိရာ....။

ယေကေလေ့
အချောင်မခို၊ ခေါတ်စနစ်၏ မုန်တိုင်းတိကို
ကြံ့ကြံ့ခိုင် ယိုင်မလဲ တော်လှန်ရဲခရေ
အညတရ နင်းပြားချေတိကို
ကြစ်သည်ဖြစ် မကြစ်သည်ဖြစ်
လေးစားသည်ဖြစ် မလေးစားသည်ဖြစ်
အသိမှတ်ပြုသည်ဖြစ် မပြုသည်ဖြစ်
အော့နှလုံးနာအောင် ရွံသည်ဖြစ် မရွံသည်ဖြစ်
တချက် မျက်စောင်းထိုးကြည့်ခကေ
ပီးဆပ်လိုက်ရရေ ဘ၀တိအတွက်
ကျေနပ်နီလိုက်ဖို့.............။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၁၊ ၀၄၊ ၂၀၁၄

No comments:

Post a Comment