Rakhine (Arakan ရခိုင်)
ဟာသ       
ရတုလင်္ကာ       
ဆောင်းပါးများ       
ကဗျာများ       
အချစ်ကဗျာများ       
အေဆွပ်ပုံပြင်များ       
Sunday, August 11, 2024
တရားပွဲ့ကစိန်ခေါ်သံ
၂၂၇ သိက္ခာပုဒ်ကို မပါတပါထမ်းထားသော၊
အနီရောင်သင်္ကြန်းချူံထားသော၊
ဗုဒ္ဓတရားကို အလွတ်ကျက်ဟောကြားနီကြသော၊
သာသနအစေခံဝန်ထမ်းများ
စိန်ခေါ်ပွဲ့ကြီး.......။
တရားဟောပလ္လင်ထက် တင်ခြွီဖွဲပျာထိုင်
လော်စပီကာမိုက်ကိုကိုင်လို့
ငါ...ဘုန်းကြီး တရားဟောမေ
နာလော တိုင်းသူပြည်သားရို့......။
သာသနာကိုမှမထောက်
သာသနာဂျောက်ကျအောင်
လျှောက်ပြောနီကတ်တေ
ယှင်းလာ တရားနာပရိတ်သတ်ရို့
ယှင်းကေ၊ ယှင်းရေလို့.....မှတ်
ဓမကိုင်ထားရေ...။
အဝါရောင်သင်္ကြန်းချူံလို့
ကွယ်ရာမှာ မာတုကာမဖင်ကို လက်နှိုက်
သင်္ကြန်းကိုမှအားမနာ
သဘောပေါက်လာ တရားနာပရိတ်သတ်ရို့
သဘောပေါက်ကေ သဘောပေါက်တေလို့.....မှတ်
ဓမကိုင်ထားရေ....။
ဗုဒ္ဓတရားကိုအလွတ်ကျက်လို့
နယ်တကာလိုက်ပျာ တရားဟော
ရလာသောအသပြာကို မယားငယ်လက်ကိုအပ်
အိမ်ကြီးတိုက်ကြီးတိ အထပ်ထပ်နန့်
ဘာသာတရားထွန်းကားနီရေ
နားလည်လာ တရားနာပရိတ်သတ်ကြီး
နားလည်ကေ နားလည်ရေလို့.....မှတ်
ဓမကိုင်ထားရေ....။
တိုင်းသားပြည်သူအရေး ငါရို့အရေး
အမျိုးဘာသာ သာသနာအရေး ငါရို့အရေး
နိုင်ငံတော်အရေး ငါရို့အရေး
လူမှုနယ်ပယ်အရေး ငါရို့အရေး
စီပွားနယ်ပယ်အရေး ငါရို့အရေး
ထိမ်းမြားမင်္ဂလာအရေး ငါရို့အရေး
နယ်ခြားလုံခြုံရေးအရေး ငါရို့အရေး
ထိုအရေး၊ ဒေအရေး အရေးတကာကိုဘန်းပြ
ထိုနီရာမှာလေ့ဥက္ကဌလုပ်
ဒေနီရာမှာလေ့ဥက္ကဌလုပ်
ခြီယှုပ်နီလိုက်တေပင်.......။
ယှင်းက ယှင်းလာ၊ သဘောက ပေါက်လာ၊ နားက လည်လာ
ယှင်းကေ၊ သဘောပေါက်ကေ၊ နားလည်ကေ
ငါဘုန်းကြီးပြောရေလို့.........မှတ်
ဓမကိုင်ထားရေ......။
......................
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၈၊ ၀၂၊ ၂၀၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment