Rakhine (Arakan ရခိုင်)
ဟာသ       
ရတုလင်္ကာ       
ဆောင်းပါးများ       
ကဗျာများ       
အချစ်ကဗျာများ       
အေဆွပ်ပုံပြင်များ       
Sunday, August 11, 2024
အမောင်ပြင်ကြောင်းယောင်
`တောင်ကအောက်ချင်း ပြားကိုဆင်း
ပြားကလူလေ့ အယူသည်းလို့
တောလျှိုတောင်ကြား ဝင်လတံ့´
လတံ့တဘောင်က တောလျှိုတောင်ကြား ဝင်ခိုင်းကေလေ့
သံလွင်မြစ်ကမ်းပါး ဒေါနတောင်ကြားရောက်စရာ မလို..။
မေခ၊ မလိခ ခါကာပူရာဇီတောင်တက်စရာလေ့ မလို...။
``ရန်သူလက်နက် ကိုယ်လက်နက်``
မာနီပလောမှာ အကောင်ထည်ဖေါ်စွာ
ဥက္ကဌခိုင်မိုးလင်း တစိချေလွဲမနီလာ.....?
``ငါရို့ဇာလုပ်သင့်လေ`` ကိစ္စ
ကချင်ပြည်မှာအကောင်ထည်ဖေါ်စွာ
ဥက္ကဌစံကျော်ထွန်း တိစိချေလွဲနီရေနန်း...။
``ရခိုင်လူမျိုး၏အနာဂါတ်သည်
ရခိုင့်ကျောင်းသားလူငယ်တိ လက်ထဲမှာဟိသည်``
ဘန်ကောက်မှာဗဟိုလ်ဌာနချ တနင်္သာရီတိုင်းမှာ ဟန်ရေးပြ
ဗိုလ်ချုပ်မြအချစ်တော် ဥက္ကဌခိုင်မြတ်ကျော်လေ့
စကေတပွေလွဲခရေယေ....။
AASYC ဗဟိုလ်ဌာနချုပ် မဲဆောက်ချင်းမိုင်မှာ ခြီသည်းကုတ်
မရ၊ မက ဆွဲထုတ် အနောက်ကအရှိကိုတပ်ဆုတ်တေ
ဥက္ကဌကျော်ဟန်လွဲစွာပျာ....။
ထော ဒုတိယံပိ AA
ကချင်ဒေသမှာ အခြီစိုက်လို့
အင်အားအမြောက်အများ တိုးတက်ကြီးပွားနီရေလတ်
အောင်မြင်ပါစီ၊ ရခိုင်ပြည်ကို ကယ်တင်နိုင်ကတ်ပါစီလို့
နိစဉ်နန့်အမျှ အားစိုက်လို့အားပီးနီရေ........။
ယေကေလေ့
အရှိ၊ အမြောက်
ခေါတ်မှီလက်နက်အပြည့်စုံနန့်
ရခိုင့်တော်လှန်ရေးအင်အား သိန်းချီဟိလီပါတ်စီ
ဂစ္ဆပနဒီမြစ်ဖျား သမင်တောင်ကြော
မင်းထီမင်ပြင် ယာခင်းနားက ယမ်းထုတ်လောက်
အဓိပ္ပါယ်မဟိ...အကျိုးသက်ရောက်မှုမဟိ.....အာနိသင်းမဟိ.....။
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၃၊ ၀၂၊ ၂၀၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment