Rakhine (Arakan ရခိုင်)
ဟာသ       
ရတုလင်္ကာ       
ဆောင်းပါးများ       
ကဗျာများ       
အချစ်ကဗျာများ       
အေဆွပ်ပုံပြင်များ       
Sunday, August 11, 2024
တရားပွဲ့ကစိန်ခေါ်သံ
၂၂၇ သိက္ခာပုဒ်ကို မပါတပါထမ်းထားသော၊
အနီရောင်သင်္ကြန်းချူံထားသော၊
ဗုဒ္ဓတရားကို အလွတ်ကျက်ဟောကြားနီကြသော၊
သာသနအစေခံဝန်ထမ်းများ
စိန်ခေါ်ပွဲ့ကြီး.......။
တရားဟောပလ္လင်ထက် တင်ခြွီဖွဲပျာထိုင်
လော်စပီကာမိုက်ကိုကိုင်လို့
ငါ...ဘုန်းကြီး တရားဟောမေ
နာလော တိုင်းသူပြည်သားရို့......။
သာသနာကိုမှမထောက်
သာသနာဂျောက်ကျအောင်
လျှောက်ပြောနီကတ်တေ
ယှင်းလာ တရားနာပရိတ်သတ်ရို့
ယှင်းကေ၊ ယှင်းရေလို့.....မှတ်
ဓမကိုင်ထားရေ...။
အဝါရောင်သင်္ကြန်းချူံလို့
ကွယ်ရာမှာ မာတုကာမဖင်ကို လက်နှိုက်
သင်္ကြန်းကိုမှအားမနာ
သဘောပေါက်လာ တရားနာပရိတ်သတ်ရို့
သဘောပေါက်ကေ သဘောပေါက်တေလို့.....မှတ်
ဓမကိုင်ထားရေ....။
ဗုဒ္ဓတရားကိုအလွတ်ကျက်လို့
နယ်တကာလိုက်ပျာ တရားဟော
ရလာသောအသပြာကို မယားငယ်လက်ကိုအပ်
အိမ်ကြီးတိုက်ကြီးတိ အထပ်ထပ်နန့်
ဘာသာတရားထွန်းကားနီရေ
နားလည်လာ တရားနာပရိတ်သတ်ကြီး
နားလည်ကေ နားလည်ရေလို့.....မှတ်
ဓမကိုင်ထားရေ....။
တိုင်းသားပြည်သူအရေး ငါရို့အရေး
အမျိုးဘာသာ သာသနာအရေး ငါရို့အရေး
နိုင်ငံတော်အရေး ငါရို့အရေး
လူမှုနယ်ပယ်အရေး ငါရို့အရေး
စီပွားနယ်ပယ်အရေး ငါရို့အရေး
ထိမ်းမြားမင်္ဂလာအရေး ငါရို့အရေး
နယ်ခြားလုံခြုံရေးအရေး ငါရို့အရေး
ထိုအရေး၊ ဒေအရေး အရေးတကာကိုဘန်းပြ
ထိုနီရာမှာလေ့ဥက္ကဌလုပ်
ဒေနီရာမှာလေ့ဥက္ကဌလုပ်
ခြီယှုပ်နီလိုက်တေပင်.......။
ယှင်းက ယှင်းလာ၊ သဘောက ပေါက်လာ၊ နားက လည်လာ
ယှင်းကေ၊ သဘောပေါက်ကေ၊ နားလည်ကေ
ငါဘုန်းကြီးပြောရေလို့.........မှတ်
ဓမကိုင်ထားရေ......။
......................
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၈၊ ၀၂၊ ၂၀၁၅
အမောင်ပြင်ကြောင်းယောင်
`တောင်ကအောက်ချင်း ပြားကိုဆင်း
ပြားကလူလေ့ အယူသည်းလို့
တောလျှိုတောင်ကြား ဝင်လတံ့´
လတံ့တဘောင်က တောလျှိုတောင်ကြား ဝင်ခိုင်းကေလေ့
သံလွင်မြစ်ကမ်းပါး ဒေါနတောင်ကြားရောက်စရာ မလို..။
မေခ၊ မလိခ ခါကာပူရာဇီတောင်တက်စရာလေ့ မလို...။
``ရန်သူလက်နက် ကိုယ်လက်နက်``
မာနီပလောမှာ အကောင်ထည်ဖေါ်စွာ
ဥက္ကဌခိုင်မိုးလင်း တစိချေလွဲမနီလာ.....?
``ငါရို့ဇာလုပ်သင့်လေ`` ကိစ္စ
ကချင်ပြည်မှာအကောင်ထည်ဖေါ်စွာ
ဥက္ကဌစံကျော်ထွန်း တိစိချေလွဲနီရေနန်း...။
``ရခိုင်လူမျိုး၏အနာဂါတ်သည်
ရခိုင့်ကျောင်းသားလူငယ်တိ လက်ထဲမှာဟိသည်``
ဘန်ကောက်မှာဗဟိုလ်ဌာနချ တနင်္သာရီတိုင်းမှာ ဟန်ရေးပြ
ဗိုလ်ချုပ်မြအချစ်တော် ဥက္ကဌခိုင်မြတ်ကျော်လေ့
စကေတပွေလွဲခရေယေ....။
AASYC ဗဟိုလ်ဌာနချုပ် မဲဆောက်ချင်းမိုင်မှာ ခြီသည်းကုတ်
မရ၊ မက ဆွဲထုတ် အနောက်ကအရှိကိုတပ်ဆုတ်တေ
ဥက္ကဌကျော်ဟန်လွဲစွာပျာ....။
ထော ဒုတိယံပိ AA
ကချင်ဒေသမှာ အခြီစိုက်လို့
အင်အားအမြောက်အများ တိုးတက်ကြီးပွားနီရေလတ်
အောင်မြင်ပါစီ၊ ရခိုင်ပြည်ကို ကယ်တင်နိုင်ကတ်ပါစီလို့
နိစဉ်နန့်အမျှ အားစိုက်လို့အားပီးနီရေ........။
ယေကေလေ့
အရှိ၊ အမြောက်
ခေါတ်မှီလက်နက်အပြည့်စုံနန့်
ရခိုင့်တော်လှန်ရေးအင်အား သိန်းချီဟိလီပါတ်စီ
ဂစ္ဆပနဒီမြစ်ဖျား သမင်တောင်ကြော
မင်းထီမင်ပြင် ယာခင်းနားက ယမ်းထုတ်လောက်
အဓိပ္ပါယ်မဟိ...အကျိုးသက်ရောက်မှုမဟိ.....အာနိသင်းမဟိ.....။
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၃၊ ၀၂၊ ၂၀၁၅
ကောင်းလိုသိမ့်ယင့်
တိုင်းပြည်ကို ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်ဖို့တတ်စွာရာ
တိုင်းပြည်ကို အုပ်ချုပ်ဖို့မတတ်သိမ့်.........။
နိုင်ငံရေးကို အကြမ်းဖက်ဖို့တတ်စွာရာ
နိုင်ငံရေးလုပ်စားဖို့ မတတ်ကတ်သိမ့်........။
ထိုင်ခုံကို လုထိုင်ဖို့တတ်စွာရာ
ထိုင်ခုံကို ရယူဖို့မတတ်သိမ့်.......။
ပေါ်ပျူလာဖြစ်ကျော်ကြားအောင် လုပ်ဖို့တတ်စွာရာ
သိက္ခာယူဖို့၊ သိက္ခာထိမ်းဖို့မတတ်သိမ့်.......။
အကြောင်းပေါ်တိုင်း စတိတ်မာန်းထုတ်ဖို့တတ်စွာရာ
အကြောင်းပေါ်တိုင်း အကျိုးသင့်အကြောင်းသင် စကားပြောဖို့မတတ်သိမ့်...။
ကုလားကို ဟောင်ဖို့တတ်စွာရာ
ရခိုင်သားကို ကာကွယ်ဖို့မတတ်သိမ့်.....။
ပြသနာကို ဖန်တီးဖို့တတ်စွာရာ
ပြသနာကို ဖြေယှင်းဖို့မတတ်သိမ့်........။
ပြသနာကို လက်ညှိုးထိုးဖို့တတ်စွာရာ
ပြသနာကို အဖြေပီးဖို့မတတ်သိမ့်.........။
ပြသနာကို ဖုံးဖိဖို့တတ်စွာရာ
ပြသနာရင်းမြစ်ကို ဖေါ်ထုတ်ဖို့မတတ်သိမ့်........။
အတ္တမာနထောင်ဖို့တတ်စွာရာ
အတ္တမာန ခဝါချဖို့မတတ်သိမ့်........။
သိက္ခာမဟိရေလူတိ ပေါစွာရာ
သိက္ခာဟိရေလူတိ မပေါ်လာသိမ့်.......။
လိမ်ဖို့တတ်စွာရာ
ရိုးသားဖို့မတတ်သိမ့်......။
ကျူ းလွန်ဖို့တတ်စွာရာ
ဝန်ခံဖို့မတတ်သိမ့်.......။
ဖေါ်လံဖားလုပ်ဖို့တတ်စွာရာ
ကပ်မျှောင်သတ်ဖို့မတတ်သိမ့်..........။
------------
ခိုင်မြသိန်း (ချောင်းသာကြီး)
Subscribe to:
Posts (Atom)