Sunday, August 11, 2024

တရားပွဲ့ကစိန်ခေါ်သံ

၂၂၇ သိက္ခာပုဒ်ကို မပါတပါထမ်းထားသော၊ အနီရောင်သင်္ကြန်းချူံထားသော၊ ဗုဒ္ဓတရားကို အလွတ်ကျက်ဟောကြားနီကြသော၊ သာသနအစေခံဝန်ထမ်းများ စိန်ခေါ်ပွဲ့ကြီး.......။ တရားဟောပလ္လင်ထက် တင်ခြွီဖွဲပျာထိုင် လော်စပီကာမိုက်ကိုကိုင်လို့ ငါ...ဘုန်းကြီး တရားဟောမေ နာလော တိုင်းသူပြည်သားရို့......။ သာသနာကိုမှမထောက် သာသနာဂျောက်ကျအောင် လျှောက်ပြောနီကတ်တေ ယှင်းလာ တရားနာပရိတ်သတ်ရို့ ယှင်းကေ၊ ယှင်းရေလို့.....မှတ် ဓမကိုင်ထားရေ...။ အဝါရောင်သင်္ကြန်းချူံလို့ ကွယ်ရာမှာ မာတုကာမဖင်ကို လက်နှိုက် သင်္ကြန်းကိုမှအားမနာ သဘောပေါက်လာ တရားနာပရိတ်သတ်ရို့ သဘောပေါက်ကေ သဘောပေါက်တေလို့.....မှတ် ဓမကိုင်ထားရေ....။ ဗုဒ္ဓတရားကိုအလွတ်ကျက်လို့ နယ်တကာလိုက်ပျာ တရားဟော ရလာသောအသပြာကို မယားငယ်လက်ကိုအပ် အိမ်ကြီးတိုက်ကြီးတိ အထပ်ထပ်နန့် ဘာသာတရားထွန်းကားနီရေ နားလည်လာ တရားနာပရိတ်သတ်ကြီး နားလည်ကေ နားလည်ရေလို့.....မှတ် ဓမကိုင်ထားရေ....။ တိုင်းသားပြည်သူအရေး ငါရို့အရေး အမျိုးဘာသာ သာသနာအရေး ငါရို့အရေး နိုင်ငံတော်အရေး ငါရို့အရေး လူမှုနယ်ပယ်အရေး ငါရို့အရေး စီပွားနယ်ပယ်အရေး ငါရို့အရေး ထိမ်းမြားမင်္ဂလာအရေး ငါရို့အရေး နယ်ခြားလုံခြုံရေးအရေး ငါရို့အရေး ထိုအရေး၊ ဒေအရေး အရေးတကာကိုဘန်းပြ ထိုနီရာမှာလေ့ဥက္ကဌလုပ် ဒေနီရာမှာလေ့ဥက္ကဌလုပ် ခြီယှုပ်နီလိုက်တေပင်.......။ ယှင်းက ယှင်းလာ၊ သဘောက ပေါက်လာ၊ နားက လည်လာ ယှင်းကေ၊ သဘောပေါက်ကေ၊ နားလည်ကေ ငါဘုန်းကြီးပြောရေလို့.........မှတ် ဓမကိုင်ထားရေ......။ ...................... ခိုင်မြသိန်း (ချောင်းသာကြီး) ၂၈၊ ၀၂၊ ၂၀၁၅

အမောင်ပြင်ကြောင်းယောင်

`တောင်ကအောက်ချင်း ပြားကိုဆင်း ပြားကလူလေ့ အယူသည်းလို့ တောလျှိုတောင်ကြား ဝင်လတံ့´ လတံ့တဘောင်က တောလျှိုတောင်ကြား ဝင်ခိုင်းကေလေ့ သံလွင်မြစ်ကမ်းပါး ဒေါနတောင်ကြားရောက်စရာ မလို..။ မေခ၊ မလိခ ခါကာပူရာဇီတောင်တက်စရာလေ့ မလို...။ ``ရန်သူလက်နက် ကိုယ်လက်နက်`` မာနီပလောမှာ အကောင်ထည်ဖေါ်စွာ ဥက္ကဌခိုင်မိုးလင်း တစိချေလွဲမနီလာ.....? ``ငါရို့ဇာလုပ်သင့်လေ`` ကိစ္စ ကချင်ပြည်မှာအကောင်ထည်ဖေါ်စွာ ဥက္ကဌစံကျော်ထွန်း တိစိချေလွဲနီရေနန်း...။ ``ရခိုင်လူမျိုး၏အနာဂါတ်သည် ရခိုင့်ကျောင်းသားလူငယ်တိ လက်ထဲမှာဟိသည်`` ဘန်ကောက်မှာဗဟိုလ်ဌာနချ တနင်္သာရီတိုင်းမှာ ဟန်ရေးပြ ဗိုလ်ချုပ်မြအချစ်တော် ဥက္ကဌခိုင်မြတ်ကျော်လေ့ စကေတပွေလွဲခရေယေ....။ AASYC ဗဟိုလ်ဌာနချုပ် မဲဆောက်ချင်းမိုင်မှာ ခြီသည်းကုတ် မရ၊ မက ဆွဲထုတ် အနောက်ကအရှိကိုတပ်ဆုတ်တေ ဥက္ကဌကျော်ဟန်လွဲစွာပျာ....။ ထော ဒုတိယံပိ AA ကချင်ဒေသမှာ အခြီစိုက်လို့ အင်အားအမြောက်အများ တိုးတက်ကြီးပွားနီရေလတ် အောင်မြင်ပါစီ၊ ရခိုင်ပြည်ကို ကယ်တင်နိုင်ကတ်ပါစီလို့ နိစဉ်နန့်အမျှ အားစိုက်လို့အားပီးနီရေ........။ ယေကေလေ့ အရှိ၊ အမြောက် ခေါတ်မှီလက်နက်အပြည့်စုံနန့် ရခိုင့်တော်လှန်ရေးအင်အား သိန်းချီဟိလီပါတ်စီ ဂစ္ဆပနဒီမြစ်ဖျား သမင်တောင်ကြော မင်းထီမင်ပြင် ယာခင်းနားက ယမ်းထုတ်လောက် အဓိပ္ပါယ်မဟိ...အကျိုးသက်ရောက်မှုမဟိ.....အာနိသင်းမဟိ.....။ ခိုင်မြသိန်း (ချောင်းသာကြီး) ၁၃၊ ၀၂၊ ၂၀၁၅

ကောင်းလိုသိမ့်ယင့်

တိုင်းပြည်ကို ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်ဖို့တတ်စွာရာ တိုင်းပြည်ကို အုပ်ချုပ်ဖို့မတတ်သိမ့်.........။ နိုင်ငံရေးကို အကြမ်းဖက်ဖို့တတ်စွာရာ နိုင်ငံရေးလုပ်စားဖို့ မတတ်ကတ်သိမ့်........။ ထိုင်ခုံကို လုထိုင်ဖို့တတ်စွာရာ ထိုင်ခုံကို ရယူဖို့မတတ်သိမ့်.......။ ပေါ်ပျူလာဖြစ်ကျော်ကြားအောင် လုပ်ဖို့တတ်စွာရာ သိက္ခာယူဖို့၊ သိက္ခာထိမ်းဖို့မတတ်သိမ့်.......။ အကြောင်းပေါ်တိုင်း စတိတ်မာန်းထုတ်ဖို့တတ်စွာရာ အကြောင်းပေါ်တိုင်း အကျိုးသင့်အကြောင်းသင် စကားပြောဖို့မတတ်သိမ့်...။ ကုလားကို ဟောင်ဖို့တတ်စွာရာ ရခိုင်သားကို ကာကွယ်ဖို့မတတ်သိမ့်.....။ ပြသနာကို ဖန်တီးဖို့တတ်စွာရာ ပြသနာကို ဖြေယှင်းဖို့မတတ်သိမ့်........။ ပြသနာကို လက်ညှိုးထိုးဖို့တတ်စွာရာ ပြသနာကို အဖြေပီးဖို့မတတ်သိမ့်.........။ ပြသနာကို ဖုံးဖိဖို့တတ်စွာရာ ပြသနာရင်းမြစ်ကို ဖေါ်ထုတ်ဖို့မတတ်သိမ့်........။ အတ္တမာနထောင်ဖို့တတ်စွာရာ အတ္တမာန ခဝါချဖို့မတတ်သိမ့်........။ သိက္ခာမဟိရေလူတိ ပေါစွာရာ သိက္ခာဟိရေလူတိ မပေါ်လာသိမ့်.......။ လိမ်ဖို့တတ်စွာရာ ရိုးသားဖို့မတတ်သိမ့်......။ ကျူ းလွန်ဖို့တတ်စွာရာ ဝန်ခံဖို့မတတ်သိမ့်.......။ ဖေါ်လံဖားလုပ်ဖို့တတ်စွာရာ ကပ်မျှောင်သတ်ဖို့မတတ်သိမ့်..........။ ------------ ခိုင်မြသိန်း (ချောင်းသာကြီး)

Friday, August 1, 2014

TG961 ပြတင်းမြင်ကွင်း

အိမ်နီးနားချင်း
ညာဥ့်လေ့နိခြင်း
လင်းအားကြင်းလို့
ပထ၀ီမြီပြင်မှာ ကြယ်ပေါက်လို့......။

ထော...ပေါ်လာပျာ....


Thursday, April 24, 2014

တကွေ့မမှန်ခကေ

ရာဇ၀င်တပေါင်ထား ရိုးတောင်မြောက်ဖျားက
ရခိုင့်ဘုရင်ဆင်စီးလို့ ပြည်တော်ဝင်လာဖို့ဟိရေလတ်........

ကတ္တီဘာကော်ဇော ပတ္တမြားနီရောင်လွှမ်း
အောင်သဗြီရီချမ်း ပန်းခြင်းလမ်းနန့် နန်းတော်တက်ဖို့ဟိရေလတ်........


မျက်စောင်းတချက်ချေထိုးကြည့်ခကေ

ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာပြုလို့
TV မင်းသားဖြစ်ဖို့က
သင်္ကြန်းစည်းရဟန်ဝင်
အာဏာသျှင် အာဏာပိုင်တိနန့်လေ့ မပေါင်းဖူးခ....။

သာသနသူရဲကောင်း ရဟန္တာလောင်းဖြစ်ဖို့က
စည်တီပုထိုးကျောက်ရိုးနန်းတော်
အမျိုးသားလက္ခဏာတိကိုလေ့ မဖေါက်ထွင်းဖူးခ.....။

Saturday, March 1, 2014

အေပိုင်မြင်ယင့်

အောင်ပွဲ့လား၊ ယှုံးပွဲ့လား၊
ဇရဇရာလား ငါ...မသိ....

ဝင်လာသမျှလူကို ကြိုဆို
အောင်သဗြီပန်းခက် အညွတ်မထွက်
ရီအိုးခွက်လည့် ခန်းနီပျာ......

ပတောက်စည်သံ အနားပြန်လို့
နွားအိုမြည်သံလည့် ကွဲနီပျာ......

ဇာမှာလဲ ပြည်သူအကျိုး
ဇာမှာလဲ တိုင်းပြည်အကျိုး

မိုင်ထောင်ချီခရီးဆက်ဖို့
ခြီတလှမ်းက စတင်ခကေလေ့
မိုင်ထောင်ချီကိုရာ ရောက်လားခရေ
ခရီးမတွင်ခ...။

မြင်နီယင့်
ဗမာမြန်မာပြည်လွတ်လပ်ရေး ရခါစ
ရခိုင့်တော်လှန်းရေး၊ နိုင်ငံရေးသမားတိအဖြစ်မျိုး
ပြည်ကျိုးယှုံးကတ်ဖိုစွာကို.....။

၂၈၊ ၀၂၊ ၂၀၁၄
ွGlada

ဘာဘာနောက်ဆုံးစကား

ရခိုင်ပြည်မှာ
ပညာရေးမကောင်း
ကျန်းမာရေးမကောင်း
လူမှု့ရေးမကောင်း
စီးပွားရေးမကောင်း
လုံခြုံရေးမကောင်း
လမ်းပန်းဆက်သွယ်ရေးမကောင်း
မကောင်းစွာတိကိုကျဲ အကြောင်းပြပြီးကေ
ရန်ကုန်ကိုထွက်လားကတ်တေ....မင်းရို့

ဓါးပြင်ဆိုးတလက်နန့်
အိမ်နောက်ဖက်ကို စောင်နီရေ...ငါ
ဘာဘာသီကေ အမျိုးလည့်တုံး၊ မြီလည့်ဆုံးယာလို့
မှတ်လီကတ်.....။

၁၈၊ ၀၂၊ ၂၀၁၄
Glada Hudik

သျှင်ဥတ္တမမှန်အိမ်

မှန်အိမ်ကို
ဂေါင်းမှာတင်လို့် လမ်းပြ
မိုင်ပေါင်းများစွာက လူသားတိ
အလင်းရလို့ လွတ်မြောက်လို့...........။

မှန်အိမ်ခြီရင်းက လူသားတိ
လမိုက်မိုးမှောင် မုန်တိုင်းကျလို့
ဝီစိ့တွင်းနစ် ခုထက်ထိကျွန်ဖြစ်လို့...........။

၀၈၊ ၀၉၊ ၂၀၁၃
Glada Hudik.

ရက္ခိတ

ရခိုင်သားတိုင်းက ပြောကတ်တေ
´သင့်ကြောင်း မျိုးမပျက်ပါစီနန့်´
´သင့်ကြောင်း မျိုးမပျောက်ပါစီနန့်´ လတ်

မျိုး မပျက်၊ မပျောက်ရအောင်
နို့သောက်ဘ၀ကနီ တုတ်ထောက်ဘ၀ကိုထိ
တာဝန်ဟိဟိ၊ တာဝန်သိသိနန့်
ထမ်းဆောင်ပါလတ်စွာ
အေကုဆိုကေ သင်္ချိုင်းနားကိုတောင် ရောက်နီပျာ
အနားယူဖို့လား စိတ်ကူးရေ

မထူးပျာ......
မျိုးစောင့်တရားကို
ဆက်လို့ ထမ်းလီဖို့ယာ
ခါးကျိုးကျိုးလီပါတ်စီဖိ
ဒေ..မသာကို
ငိုဖို့လူမဟိကေလေ့..........။

Monday, January 6, 2014

ခရီးဆက်ရဖို့သိမ့်

ဒေနိလေ ဒေနိ
ဒီဇင်ဘာ (၃၁) ရက်နိ
ရာဇာဝင်မှာ သီးချောင်းစီးခရေနိ
ဝရုံပြိုလို့ ရခိုင်ရို့မျိုးသုဋ်ခရေနိ.......။

Sunday, September 15, 2013

သျှင်ဥတ္တမမှန်အိမ်


မှန်အိမ်ကို
ဂေါင်းမှာတင်လို့် လမ်းပြ
မိုင်ပေါင်းများစွာက လူသားတိ
အလင်းရလို့ လွတ်မြောက်လို့...........။

မှန်အိမ်ခြီရင်းက လူသားတိ
လမိုက်မိုးမှောင် မုန်တိုင်းကျလို့ 
ဝီစိ့တွင်းနစ် ခုထက်ထိကျွန်ဖြစ်လို့...........။

၀၈၊ ၀၉၊ ၂၀၁၃
Glada Hudik.

Thursday, December 20, 2012

သင့်နီရာ

ကိုယ့်ကိုကိုယ်
တိုင်းရင်းသားလို့ သတ်မှတ်
ကျွန်စိတ်ဓါတ်နန့်
လူစွမ်းကောင်းဟီးရိုးဖြစ်ကေလေ့
သင့်ကိုဇီးရိုး အနှုတ်-ကိုးဆယ်ကိုး
ကျွန်သူခိုးလို့ရာ မှတ်တေ......။

ကိုယ့်ကိုကိုယ်
အမျိုးသားလူမျိုး သတ်မှတ်
သခင်စိတ်ဓါတ်နန့်
အညတရဇီးရိုးဖြစ်နီကေလေ့
သူ့ကိုဟီးရိုး အပေါင်း+ကိုးဆယ်ကိုး
မင်းစိုးရာဇာလို့ မှတ်တေ.......။

၁၇၊ ၁၂၊ ၂၀၁၂
Glada Hudik

Thursday, December 13, 2012

ထိုက်တန်သောပြုပျင်မှု

သခင်ဖြစ်ချင်
ကျွန်စိတ်ကို...ပျင်
ကျွန်စိတ်ပျောက်မှ
သခင်ဖြစ်မည်....။

ကျွန်စိတ်ပျောက်ချင်
သခင်စိတ်ကို အရောင်တင်
သခင်စိတ် အရောင်တောက်မှ
လူဖြစ်ရကျိုးနပ်မည်....။


၀၃၊ ၁၁၊ ၂၀၁၂
Glada Hudik

ကျွန်စိတ်

ကိုယ့်အိမ် ကိုယ့်ယာ
ကိုယ့်လယ် ကိုယ့်ကိုင်း
ဟိပါလျက်နန့်
ပင်လယ်ပင်စွပ်
မရွတ်ခွံမှာ
ခိုဝင်ကပ်လို့

၁၈၊ ၁၁၊ ၂၀၁၂
Glada Hudiksvall

Friday, December 7, 2012

Try My People, Try

Risk my Roma, risk!
Rise up my nation, rise up!
Rise up for yourself is
Risking for your people!

Anopheles Indo-China

Mosquitoes of South Korea factory smelled on,
Discovered the brown swollen veins,
Furthered to root of blood-vessel (heart):
Drooling jogging on,
Drilled and stuck into my heart,
I shuddered, guzzling the blood on,
Released it through lengthy steel-pipes
From the very base to the very top.


Beckoning

The White and Red:
Under the a two colour-flag
let us stand for national solidarity.
When the colours be reunited,
let us reaffirm the strength of national unity.
When the colours unfurl and flying in high,
It is national brilliance, glory, pride and delight.


On The Lip of Digging-Grave


The deep vales and every kinds of being
Were sleeping, we were sleeping.
The whole village was also snoozing
But a team of black-boots was awakening
And goose-stepping,
Toward the northern part of valleys, was so stright
Under the moon-light.

The Year 2004

The year 2004
polished our souls
And made many roles.

Converging at the convention
First, second and third front leaders
Shall be spelled in "Reunification".