Thursday, April 24, 2014

တကွေ့မမှန်ခကေ

ရာဇ၀င်တပေါင်ထား ရိုးတောင်မြောက်ဖျားက
ရခိုင့်ဘုရင်ဆင်စီးလို့ ပြည်တော်ဝင်လာဖို့ဟိရေလတ်........

ကတ္တီဘာကော်ဇော ပတ္တမြားနီရောင်လွှမ်း
အောင်သဗြီရီချမ်း ပန်းခြင်းလမ်းနန့် နန်းတော်တက်ဖို့ဟိရေလတ်........


မျက်စောင်းတချက်ချေထိုးကြည့်ခကေ

ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာပြုလို့
TV မင်းသားဖြစ်ဖို့က
သင်္ကြန်းစည်းရဟန်ဝင်
အာဏာသျှင် အာဏာပိုင်တိနန့်လေ့ မပေါင်းဖူးခ....။

သာသနသူရဲကောင်း ရဟန္တာလောင်းဖြစ်ဖို့က
စည်တီပုထိုးကျောက်ရိုးနန်းတော်
အမျိုးသားလက္ခဏာတိကိုလေ့ မဖေါက်ထွင်းဖူးခ.....။