Thursday, August 19, 2010

ဇာတိမာန်

အားမတန်လို့
မာန်ကို လျှော့ထားရကေလေ့
အမျိုးဂုဏ်ဟန် ဇာတိမာန်ကို
လာမထိကဲ့......။

ဇာမဏီငှက်ရို့မည်သည်
အသက်ကိုရာ အသီခံလားဖို့
အမောက်ကို အကိုင်မခံ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၈၊ ၂၀၁၀
Glada Hudik

Sunday, August 8, 2010

မျိုးမပျက်ချင်ကေ

အသားထဲက
လောက်ထွက်က
ပြည်ပျက်ရရေ......။

သစ်ဆွီးလာက
ပုလုတ်ကျ
လောင်းပျက်ရရေ......။

သွီးပုတ်လာက
ခန္ဓာကိုယ်ကျ
ဘ၀နိကုန်းချုပ်ရရေ......။

လောက်ကောင်တိကို ထွတ်
ပုလုတ်တိကို ဖြတ်ထုတ်သတ်
သွီးပုတ်တိကို ဖောက်ထုတ်ကတ်......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၄၊ ၀၈၊ ၂၀၁၀
Glada Hudikစစစစ