Saturday, February 6, 2010

ရင်ခွင်

လမင်းကြီးကို လက်ညှိုးထိုးပြ
ကြယ်တာယာတိကို မှန်းဆ
ပျော်ကြီးဝနီခရေ...........ငါ
တခိ့ခိ့ အရယ်ကြူး
အူတက်အောင်မြူးခရေ
ယင်း....ရင်ခွင်ထဲမှာ.....................။

ဆံပင်ညိုတိကို ကုတ်ဆွဲ
အင်္ကျီတိကို ဆုတ်ဖြဲ
ရင်သားထဲ လက်ထိုးနှိုက်
အလိုလိုက်မခံရကေ.......ငါ
တအာအာ ငိုကြီးကျ
အငြိုးကြီး ငိုပြခရေ
ယင်း....ရင်ခွင်ထဲမှာ.....................။

အလိုမကျက
ရင်ဖတ်ကို ကျောက်
မိတ်ကို ခြီနန့်ထောက်ခါထောက်
လမ်းလျှောက်လို့ သာခြင်းဆိုလဲ
တရီးတမောမကျကေ.....ငါ
တီတီတာတာ ပလီပလာ စကားများ
သီးပေါက်ထားခရေ
ယင်း...ရင်ခွင်ထဲမှာ......................။

ခိုင်မြသိန်း (ချောင်းသာကြီး)
၎၊ ၂၊ ၂၀၁၀
Glada Hudik
Sweden